ᴊᴀᴇʏᴜɴɪᴇ's ᴅɪᴀʀʏ ᴡʀɪᴛᴛᴇɴ ʙʏ ᴇᴛʜᴀɴ

1.3K 145 6
                                    

[Zawgyi]

ဒီနေ့ မီအွန်း ရဲ့ နာရေး ။ သူတို့အတန်တန်တားတဲ့ကြားက ယူဂျင်း နဲ့ခိုးရာလိုက်ပြေးသွားလို့ မီအွန်း ကို သူတို့သုံးဦးလုံး အဆက်သွယ်ဖြတ်ထားကြပေမယ့် အခုလို ဆုံးပြီ ဆိုတဲ့သတင်းကြားတော့ တကယ်ပင်ဝမ်းနည်းရသည် ။ မီအွန်း က ထက်မြတ်တဲ့မိန်းကလေးတစ်ယောက် ။ ဆရာဝန်ဖြစ်ချင်တဲ့ အိမ်မက်လည်းရှိတယ် ။ သူတို့သူငယ်ချင်း လေးယောက်ထဲမှာ စာအတော်ဆုံး နဲ့ ဥာဏ်အကောင်းဆုံး ပေါ့ ။ အချစ်
ကြောင့်သာ အရာရာကို လက်နက်ချသွားတဲ့ ကောင်မလေး ။

မီအွန်း က ကလေးလေး မွေးခဲ့သေးသည်တဲ့ ။ သူတို့ မတွေ့ဖြစ်ကြတဲ့ နှစ်နှစ်နီးပါး ကာလမှာ အတော်လေး ဖြစ်ပျက်သွားကြတာပဲ ။ နို့စို့အရွယ်ပဲရှိဦးမယ့် ကလေးသေးသေးလေးကို ရင်ခွင်ထဲထွေးပွေ့ထားပြီး သမီးဖြစ်သူရဲ့ နာရေးကို စီစဉ်နေရတဲ့ ကြီးမေ ကတကယ်သနားစရာ ။ ရှင်းမ်ယူဂျင်း ကို အပြစ်တင်ချင်ပေမယ့် ထိုအမျိုးသားက အခု ဘယ်မှာမှန်းလည်း သတင်းအစအနရှာမရဟု ဆိုသည် ။ မွေးစထဲက အမိရောအဖပါ မဲ့တော့မယ့် ကလေးလေး ကို သူတို့သုံးဦး သနားကရုဏာသက်မိကြတာအမှန် ။

“ ကလေးက ဘာလေးလည်း ကြီးမေ ”

ဟီဆွန်း မေးလိုက်သည့် အမေးကို ကြီးမေက ချက်ချင်းပြန်မဖြေပဲ ကလေးလေးကို တချက်ငုံ့နမ်းသည် ။ အဲ့နောက်မှ ယောက်ျားလေး ဟုအဖြေပြန်ပေးသည် ။

* ငါသားဦးလေး ရတဲ့အခါ နင်တို့သုံးယောက်ကို ထိန်းခိုင်းမယ် ငါ့သားလေးကို မြှောက်ပေးပြီး နင်တို့ကို မွှေဦးမှာ *

သားဦးလေး ဆိုပြီး ပါးစပ်က တဖွဖွ ပြောတတ်တဲ့ မီအွန်း က တကယ်သားဦးလေးရတဲ့အချိန်ကျ လောကကြီးက ထွက်ခွာလို့သွားပြီ ။ ကံကြမ္မာက သိပ်ကြောက်စရာကောင်းသည် ။

အနှီးဖြူဖြူထဲက နီတာရဲလေးကို ကြည့်မိတော့ မျက်လုံးဝိုင်းလေးတွေက ချစ်ဖို့သိပ်ကောင်းလှသည် ။ ကလေးငယ်လေးကို မြင်မြင်ချင်း ဟီဆွန်း ရင်ထဲ သိမ့်ကနဲခံစားလိုက်ရသည် ။  အဲ့နောက် ဂျုံဆောင်းမေးလိုက်သော မေးခွန်းမှာ သူတို့ ကလေးလေးရဲ့ နာမည်လေးကို သိလိုက်ရသည် ။

𝗝𝗮𝗲𝘆𝘂𝗻𝗶𝗲 Où les histoires vivent. Découvrez maintenant