ᴄʜᴀᴘᴛᴇʀ : ᴇɪɢʜᴛ

1.3K 154 20
                                    

ఌ︎ 𝗓𝖺𝗐𝗀𝗒𝗂 _

တစ်နေကုန် ဆိုတာကြီးက အရမ်းကိုလွန်သွားပြီ ။ အခုက
ဂျယ်ယွန်း ဝမ်းမနည်းနေတော့ဘူး ။ ဒါပေမယ့် အရမ်းကို စိတ်တိုနေပြီ ။ မျက်နှာလှလှလေးက ဒေါသရှိန်ကြောင့် အနည်းငယ် နီမြန်းလျက် ။ ဆောနူ ကလည်း အခြေအနေကို ရိပ်မိသလောက် ရှိနေသည် ။ ဘာလို့ဆို ဒီနေ့တစ်နေ့လုံး စာမလာသတင်းမကြားတဲ့ ဦးငယ်သုံးယောက် ကြောင့် ။

" ဂျယ်ယွန်း .. မင်းဒီနေ့အိမ်ကို ငါနဲ့အတူပြန်မလား "

" ရတယ် ဆောနူ မင်းပြန်နှင့်လိုက် "

" အိမ်ကိုပဲပြန်နော် ဂျယ်ယွန်း "

လာခေါ်တဲ့ ကားပေါ်ကို စိတ်မချစွာ တက်လိုက်သွားတဲ့ ဆောနူ က နောက်လှည့်ကြည့်ပြီး သေချာအောင် ထပ်မေးနေသည် ။ ဂျယ်ယွန်း ကလည်း ပြီးစလွယ် ခေါင်းငြိမ့်ပြလိုက်သည် ။ သေချာတာတော့ သူဒီနေ့ အိမ်ကိုချက်ချင်းပြန်သေးမှာမဟုတ်ဘူး ။ ဆောနူ ကားလေးထွက်သွားတာနဲ့ ကျောင်းထဲပြန်ဝင်လာကာ အခုထိ အတန်းမပြီးသေးတဲ့ နီခီ့ ဆီ သူဦးတည်လိုက်မိသည် ။ ပျင်းစရာကောင်းလွန်းတဲ့ သမိုင်းကြောင်း ဘာသာရပ်ချိန်ဖြစ်လို့ ကျောင်းသားတွေအားလုံးက ငြိမ်သက်ကာ ခိုးအိပ်နေကြသည် ။

" တီချယ် ... စိတ်မရှိရင် ဟိုကျောင်းသားကို သားခေါ်သွားလို့ရနိုင်မလား "

နောက်ဆုံးတန်းမှာ ထိုင်နေတဲ့ နီခီ့ကို တည့်တည့်ညွှန်ပြကာ
ခွင့်တောင်းသလိုထက် လုပ်မှာကိုအသိပေးသလို ဂျယ်ယွန်း လေသံတွင် အမိန့်အနည်းငယ် ပါဝင်နေသည် ။ အဓိကရှယ်ယာရှင်မိသားစုက ကလေးဖြစ်တာမလို့ ဆရာမကလည်း ကြာကြာမတွေးနေတော့ ။ ချက်ချင်းခေါင်းငြိမ့်ပြလိုက်တာနဲ့ ဂျယ်ယွန်း ဟာ နီခီ့လက်ကိုကိုင်လျက် အခန်း၏ နောက်ပေါက်ကနေ ထွက်သွားသည် ။ တစ်နေ့ထဲနဲ့ အံ့ဩစရာတွေကို နှစ်ခါဆက်တိုက်ကြုံနေတာမလို့ အတန်းသားတွေကလည်း မယုံကြည်နိုင်အောင်ကို ဖြစ်နေရသည် ။

" စီနီယာ .. ဘယ်ကိုသွားနေတာလည်း "

" ငါမသိဘူး လောလောဆယ် ငါတစ်နေရာရာကို သွားချင်နေတယ် "

ငိုသံသဲ့သဲ့ကလေး ပါလာတဲ့ အခါ နီခီ က လမ်းလျှောက်နေတာကို ရပ်လိုက်ပြီး ဂျယ်ယွန်း ကိုယ်လေးကို သူနဲ့မျက်နှာချင်းဆိုင်အောင် ဆွဲလှည့်လိုက်သည် ။ အကြည့်ချင်းမဆုံပဲ မျက်လွှာချထားတဲ့ ဂျယ်ယွန်း က နှုတ်ခမ်းလေးများတုန်လျက် ။

𝗝𝗮𝗲𝘆𝘂𝗻𝗶𝗲 Hikayelerin yaşadığı yer. Şimdi keşfedin