ᴄʜᴀᴘᴛᴇʀ : sᴇᴠᴇɴ

1.1K 146 6
                                    

ఌ︎ 𝗓𝖺𝗐𝗀𝗒𝗂 _

“ ခရီးသွားရမယ်? ရုတ်တရပ်ကြီး ”

နွားနို့ခွက်လေး လက်နှစ်ဖက်ဖြင့်ကိုင်လျက်သား ဂျယ်ယွန်း က မသွားစေချင်သော အရိပ်အယောင်တွေအပြည့်ဖြင့် မေးခွန်းထုတ်လာသည် ။ ထမင်းစားပွဲမှာရှိနေတဲ့ အမျိုးသား သုံးဦးလုံးက ထိုမျက်ဝန်းလေးကို သတိထားမိသည့်တိုင် လျစ်လျူရှုထားကြသည် ။ တဖြည်းဖြည်း ဂျယ်ယွန်း မျက်လုံးဝိုင်းလေးမှာ မျက်ရည်စလေးတွေ ရစ်သိုင်းလာတဲ့အထိ ။

“ သုံးရက်ထဲလေ ယွန်းလေးရဲ့ ...  အလုပ်ကိစ္စ အရမ်းအရေးကြီးလို့ပါ ဦးငယ် တို့လည်း မသွားချင်ပါဘူး ”

ဂျေး ရဲ့ချော့မြူမှုကိုရလိုက်တာနဲ့ ငိုချင်ရက်လက်တို့ ဂျယ်ယွန်းလေးက အိကနဲငိုချတော့သည် ။ ဒီအသက်အရွယ်ရောက်တဲ့အထိ ကျောင်းမှာရှိချိန်ကလွဲရင် ညအိပ်ညနေ ခွဲဖူးသည်မဟုတ် ။ တစ်ယောက်ထဲ မနေရဲတာထပ် မနေချင်တာ ။ တစ်ယောက်လောက်ကျန်ခဲ့ရင်တောင် ဂျယ်ယွန်း အဆင်ပြေသေးသည် ။ သူငိုတာကိုမြင်ရင် ဦးငယ် တို့က အလျှော့ပေးပြီး မသွားဘဲနေကြမယ်လို့ ထင်ထားမိတာ ။ လက်တွေ့မှာတော့ ဘာစကားမှမပြောတဲ့ ဟီဆွန်း ရော မနက်စာကိုသာ အာရုံစိုက်နေတဲ့ ဆောင်းဟွန်း  ရောက လက်လျှော့ဖို့မဆိုထားနဲ့ ဂျယ်ယွန်း ကိုချော့တောင်မချော့ ။ ထို့ကြောင့်ပဲ ဂျေး ရင်ခွင်ထဲတိုးဝင်ရင်း ရှိုက်သံလေးများ ပလုံစီထွက်လို့နေတော့သည် ။

“ ဘယ်နေ့သွားမှာလည်းဟင် ... ”

“ ဒီည flight နဲ့ပဲ ယွန်းလေး ”

“ ဒီညသွားမှာကို အခုမနက်မှပြောကြတယ် ဦးငယ်တို့ကို သားတစ်ကယ်စိတ်ဆိုးတယ် ”

“ အလုပ်ကိစ္စလို့ပြောနေတယ်လေ ဂျယ်ယွန်း ဘာလို့ ဂျီကျနေရတာလည်း ”

ဆောင်းဟွန်း ရဲ့ အသံမာမာကြောင့် ဂျယ်ယွန်း အသက်ပင်အောင့်လိုက်မိသည် ။ တခါမှ မဆူပူဖူးတဲ့ ဦးငယ် က အခု
ဂျယ်ယွန်း ကိုလေသံမာလိုက်သည်တဲ့လေ ။ အဲ့နောက် မနက်စာကိုစားလို့ပြီးသွား၍ ထထွက်သွားသော ဟီဆွန်း ဟာလည်း ဂျယ်ယွန်း ကို တချက်လေးတောင်ကြည့်မသွား ။

“ သားတောင်းပန်ပါတယ် စားလို့ပြီးပြီမလို့ ကျောင်းသွားပါတော့မယ် ”

𝗝𝗮𝗲𝘆𝘂𝗻𝗶𝗲 Onde histórias criam vida. Descubra agora