ᴄʜᴀᴘᴛᴇʀ : ғɪᴠᴇ

1.4K 155 19
                                    

[Zawgyi]

၁၀ နှစ်ကြာပြီးနောက် ။

“ စာကိုသေချာသင်နော် ယွန်းလေး ...  တစ်ခုခု အဆင်မပြေတာရှိရင်လည်း ဦးငယ် ဆီဖုန်းဆက် ကြားလား ”

ဂျုံဆောင်း စကားကို ပေါင်မုန့်စားရင်း ခေါင်းငြိမ့်ပြတဲ့ ဂျယ်ယွန်း ဟာ အခုဆို အထက်တန်းပထမနှစ်ကျောင်းသားလေးဖြစ်လို့လာပြီ ။ စိတ်ကစားတတ်တဲ့ အရွယ်လေးမလို့ ပူရပင်ရပေမယ့် ကလေးငယ် ဟာ လိမ္မာပေးခဲ့ပါသည် ။ နားလည်နေပြီဖြစ်တဲ့ အရွယ်မလို့ ငယ်ဘဝနဲ့မိဘအရင်းတွေအကြောင်းကိုလည်း အလုံးစုံသိထားပြီးတဲ့ ဂျယ်ယွန်း ဟာ မိခင်ရဲ့မဖြစ်လိုက်ရတဲ့ အိမ်မက်ကို သူဖြည့်ဆည်းမယ် ဟုဆိုသည် ။ ထိုစကားကြားတုန်းကဆို ဂျုံဆောင်း တို့ ဝမ်းသာပီတိဖြစ်ကာ မျက်ရည်ကျခဲ့ရသည် ။ သွေးသားရင်းချာတွေမဟုတ်လို့ အနေဝေးသွားမှာ ကြောက်ခဲ့ကြပေမယ့် ကလေးငယ်လေးဟာ အရင်ကအတိုင်း မပြောင်းမလဲ သူတို့ရဲ့ကလေးငယ်လေး ဖြစ်နေဆဲပါပင် ။

ကျောင်းပေါက်ဝကိုရောက်တော့ စက်ရှိန်သတ်ကာ ဘေးခုံက နွားနို့သောက်လက်စ ကောင်လေးကို ခါးပတ်ကအစ ဖြုတ်ပေးပြီး ဆောင်းဟွန်း ထည့်ပေးလိုက်တဲ့ နေ့လည်စာဘူးလေးရယ်ကျောပိုးအိတ်ရယ်ကို ကိုင်ကာ စာသင်ခန်းရှေ့ထိ လိုက်ပို့တဲ့ ဂျုံဆောင်း ။ အနက်ရောင် suit အပြည့် ဝတ်ထားတဲ့ ဂျုံဆောင်း နံဘေးတွင် စာအုပ်လေးတစ်အုပ်လက်ကကိုင်ကာ စာကျက်ရင်း လိုက်ပါလာတဲ့ အထက်တန်းကျောင်းသားပေါက်စနလေး ။

“ ဂျယ်ယွန်းနီး ... ”

စာသင်ခန်းရှေ့ရောက်တော့ အတန်းထဲကနေ လှမ်းအော်ခေါ်တဲ့ ဆောနူ ဟာ အတူပါလာတဲ့ ဂျုံဆောင်း ကိုလည်းမြင်ရော ပါးဖောင်းဖောင်းလေးနှစ်ဖက် ချက်ချင်းရဲတက်လာကာ တစ်ယောက်ထဲ ရှက်သွေးတွေဖြာကုန်သည် ။ သတိမမူမိသော ဂျုံဆောင်း သည်တော့ ဂျယ်ယွန်း ခေါင်းလေးကို ပုတ်ကာ တချက်ပြုံးပြပြီး နေရာမှ ထွက်သွားပြီဖြစ်သည် ။ စာသင်ခန်းထဲ လုံးလုံးလေး ဝင်လာတဲ့ ဂျယ်ယွန်းက ကျောင်းရဲ့ အချစ်ခံမင်းသားကလေး ။ စာတော်အနေအေးတဲ့အပြင် ရုပ်လည်းချောစိတ်ထားလည်းနွေးထွေး စည်းစိမ်ဥစ္စာကလည်း အလျှံအပယ် ဖြစ်တာမလို့ နာမည်သိပ်ကြီးသည့် မင်းသားလေးပေါ့ ။

𝗝𝗮𝗲𝘆𝘂𝗻𝗶𝗲 Donde viven las historias. Descúbrelo ahora