[Zawgyi]
“ ရှင်းမ်ဂျယ်ယွန်း ! ဝတ်မှာလား မဝတ်ဘူးလား ”
“ no means no ! ”
သူနဲ့ဆိုငြိမ်လှပါချည်ရဲ့ ဟု အသံကောင်းဟစ်ထားတဲ့ ပတ်ဆောင်းဟွန်း အား ယခုအချိန် ဂျုံဆောင်း ပြန်ခွီရမယ့်အလှည့် ။ အခန်းတံခါးကို သေးသေးလေးလှပ်ကာ ဟီဆွန်း နဲ့ ဂျုံဆောင်း က အခန်းတွင်းကို ချောင်းကြည့်နေကြတာပင် ။ အခန်းထဲက ကုတင်ပေါ်မှာတော့ စွပ်ကျယ်အဖြူလေးတစ်ထည်သာပါပြီး ဂျိုးဂျိုးတန်းလန်း နဲ့ ရှင်းမ်ပိစိဟာ လက်ကိုမာန်ပါပါပိုက်ထားပြီး ဆောင်းဟွန်း ကိုနှုတ်ခမ်းတလန်ပန်းတလန် ရန်ပြန်တွေ့နေသည် ။ အင်္ကျီကြီးကိုင်ကာ ကုတင်ပေါ်မှာပဲဒူးထောက်ထိုင်နေရင်း မျက်နှာမှောင်စပြုလာတဲ့ ဆောင်းဟွန်း ။
“ ယွန်းလေး ဦးငယ် ရိုက်ရမလား ”
“ ရိုက်လေ ဘွားလေးတို့နဲ့တိုင်ပစ်မယ် ”
“ ဟ ... ”
“ ဟဘူး ”
“ yarr ”
“ wae ”
“ အား .... !!!!!! ”
ကုတင်ကျယ်ကြီးပေါ် နောက်ကျွမ်းထထိုးကာ အသံကုန်အော်ပစ်လိုက်တဲ့ ဆောင်းဟွန်း ။ တကယ်ကို ဒီအင်္ကျီလေးဝတ်ပေးဖို့အရေး အမွှေစိန်ကိုချော့နေရတာ သုံးနာရီနီးပါးရှိပြီ ။ ပုံမှန်ဆို ချော့ပြောစရာတောင်မလို ဆောင်းဟွန်း ကဒါဆိုဒါ လိုက်လုပ်တတ်တဲ့ ကောင်လေးက ဒီနေ့တော့ မတရားကို ဂျစ်တိုက်နေသည် ။ ခေါင်းထဲမှာ မီးတွေတောင် တောက်နေပြီလားမသိ ။ အကြံလည်းကုန်ပြီ ။ ပတ်ဂျုံဆောင်း ကိုတောင် စာနာတတ်လာသလို ။
“ ဦးငယ်လေး ... သားကို ဝတ်စေချင်ရင် mint choco နှစ်ဘူးစားပြရမယ် ”
“ ဟေ့ကောင် ပြောတာတောင် ငိုချင်သေးတယ် မဝတ်ချင် အဲ့ တန်းလန်းအတိုင်းနေ ငါ ကင်မ်ဆောနူ ကိုသွားခေါ်ပြီးပါပြလိုက်မယ် ”
“ ဟာ ဦးငယ်လေးနော် သားခရက်ရှ်လေး ရှေ့အဲ့လိုလုပ်ရင် ဂွမ်းသွားမှာပေါ့ ”
“ သောက်ကျိုးနည်း ရှင်းမ်ဂျယ်ယွန်း ရယ် အသက်ကလေးက ငါးနှစ်ခွဲ ခရက်ရှ် ဆိုပဲ အေးပါကွာ မင်းတို့ခေတ်ပါပဲ ”
VOCÊ ESTÁ LENDO
𝗝𝗮𝗲𝘆𝘂𝗻𝗶𝗲
Fanfic" ရုန်းထွက်ရင်းနဲ့ ထပ်ထပ်နစ်ခဲ့ ဖြတ်တောက်တိုင်းလည်း ပြတ်ဖို့ခက်တဲ့ သံယောဇဥ် ~ " #ᴊᴀᴇʏᴜɴ #ᴊᴀᴋᴇ_ᴄᴇɴᴛʀɪᴄ #ʜᴇᴇsᴇᴜɴɢ #ᴊᴏɴɢsᴇᴏɴɢ #sᴜɴɢʜᴏᴏɴ 020522