ကျေးဇူးတင်လွှာ

642 64 6
                                    

2022 , May 2 ထဲက စရေးခဲ့တဲ့ Jaeyunie လေးက 2023 June 9 မှာ အဆုံးသတ်သွားပါပြီ ။

Plot ရယ်လို့ ရေရေရာရာမရှိပဲ သွေး တခါပြောဖူးသလို သီချင်းနားထောင်ရင်းက ကောက်ခြစ်ခဲ့တဲ့ ကလေးလေး မလို့ ဒီကြားထဲ block ဖြစ်တာမျိုးလည်း ခဏခဏပါပဲ ။

အရင်နှစ်က 10 လပိုင်းကုန် 11 လပိုင်း အကူး မှာမှ Jaeyunie အတွက် ငါဆက်သွားချင်တဲ့ ပုံစံအစစ်အမှန််က ဘာလည်း ဆိုတာကို သေချာလေး စတွေးဖြစ်ခဲ့တာပါပဲ ။

အံ့ဩခဲ့ရတာတစ်ခုကတော့လေ ဒီလောက်ထိ အချစ်ခံရမယ် ရင်ထဲမှာ နေရာလေးတစ်ခု သီးသန့် ပေးကြမယ် ဆိုတာကို ပါပဲ ။ Jaeyunie လေးကို ဝိုင်းအုံချစ်ကလေးအဖြစ် သတ်မှတ်ပေးကြတဲ့ တစ်ဦးချင်းတိုင်းကို သွေး ဖြင့် သိပ်ကျေးဇူးတင်မိပါတယ် ။

သွေး စာတွေရေးရာမှာ အရည်အချင်းတွေလိုအပ်နေပါသေးတယ် ။ အခုထိ ပြည့်စုံကောင်းမွန်တဲ့ writer တစ်ယောက် မဖြစ်သေးတာမလို့ ကိုယ့်ကိုကိုယ် author တစ်ဦး ဆိုပြီးလည်း ခေါင်းစဥ်မတပ်ရဲသေးပါဘူး ။

ကျေးဇူးတင်ပါတယ် ။ Jaeyunie ကို တန်ဖိုးထားပေးကြချစ်ပေးကြလို့ ။ ပေါ်ပေါ်တင်တင် လာပေးတဲ့ အားပေးစကားတွေ ကွယ်ရာကနေပေးတဲ့ ချီးကျူးမှုတွေ နဲ့ စေတနာနဲ့ ထောက်ပြတဲ့ အမှား တွေ အတွက်လည်း သွေး ပီတိဖြစ်ရပါတယ် ။

ဒီဇာတ်အိမ် ဒီပုံစံ ဒီအနေအထား က Jaeyunie တစ်ခုတည်းအတွက် သီးသန့် ဇာတ်အိမ် ဖြစ်ပြီး သွေး ကို စာတွေဆက်ရေးနိုင်သေးစေဖို့ အကြီးမားဆုံး ထောက်ပံ့မှု ဖြစ်တဲ့အတွက် သွေး အချစ်ရဆုံး ကလေးလေးပါ ။

ကျေးဇူးထပ်ပြီးတင်ပါတယ် ။ အစကနေအဆုံးထိ လက်မလျှော့ပဲ အတူလိုက်လာပေးခဲ့တဲ့ တစ်ဦးချင်းစီတိုင်းကို ။ နောက်ဆက်သွားမယ့် စာတွေမှာလည်း အတူရှိနေပေးဖို့ မျှော်လင့်ပါတယ် ။

အခုထိ  ဦးငယ် နှစ်ယောက်ရဲ့ diary တွေရှိသေးတာလည်း anniversary နေ့လေးတွေမှာ လာတင်ပါ့မယ် ။ လိုချင်နေတဲ့ Sunoo လေးနဲ့ ending ရော အချပ်ပိုတွေရော သွေး စီစဥ်ထားပြီးသားပါ ။ ဆိုတော့ Epilogue လို့ ပိတ်ထားပေမယ့် Jaeyunie လေး မခွဲသွားပါဘူး ။

ထပ်ပြီး ကျေးဇူးတင်ကြောင်း ပြောရင်းပဲ Jaeyunie နဲ့ပတ်သက်သမျှ အမှတ်တရလေးတွေကိုလည်း သိချင်မိတာမလို့ အချိန်လေးရရင် ရေးသွားနိုင်ပါတယ် ။

နောက်စာတွေမှာ ပြန်တွေ့ကြပါမယ် ချစ်တယ်ရှင့် 🤍

𝗝𝗮𝗲𝘆𝘂𝗻𝗶𝗲 Donde viven las historias. Descúbrelo ahora