[Zawgyi]
( A/n - အရင် part မှာတုန်းက ယွန်းနီး အသက်နှစ်မျိုးဖြစ်နေတာ အဲ့မှာပြန်မပြင်ချင်တော့လို့ တကယ်အသက်က ငါးနှစ်ခွဲ ပါနော် <3 )
“ အား နာတယ် ဦးငယ်ရေ ကယ်ပါဦး ”
ခွဲခန်းထဲက ထွက်ပြီး သတိပြန်ရလာတာနဲ့ ချုပ်ရိုးလေးဖိကာ အော်ငိုနေတဲ့ ဂျယ်ယွန်း ။ လက်မှာလည်း ဆေးပိုက်တန်းလန်း ချိတ်ဆွဲထားရကာ ကုတင်ပေါ် ဘေးတစောင်းလေး လှဲနေရတဲ့ ကလေးငယ် ကိုကြည့်ပြီး သုံးဦးစလုံး ဆောက်တည်ရာမရကြပါ ။
“ တောင်းပန်ပါတယ် ကလေးလေးရယ် ဦးငယ် တို့က ပိုပြီး ဂရုစိုက်ပေးခဲ့ရမှာ ပေါ့ဆခဲ့မိလို့ တောင်းပန်ပါတယ်ကွာ ”
မျက်ရည်လေးကလည်ကလည်ဖြင့် ဆောင်းဟွန်း ကပြောတော့ ဂျုံဆောင်းကပါ နှာတရှုံ့ရှုံ့ဖြစ်လာသည် ။ ဟီဆွန်း ကတော့ ဂျယ်ယွန်း ဆံပင်လေးတွေကိုသပ်တင်ပေးရင် မျက်နှာမကောင်း ။ တဖြည်းဖြည်း ချော့မြူရင်း အငိုတိတ်ကာ အိပ်ပျော်သွားတော့မှ အနည်းငယ် အပူလျော့ရသည် ။ အိပ်နေရင်း မျက်နှာလေး တချက်တချက် မဲ့သွားရုံကလွဲရင် ဘာမှတော့ ထပ်ဖြစ်မလာခဲ့တော့ ။
“ ဂျယ်ဂျယ်ယွန်းယွန်းနီး ! ”
“ တိုးတိုး ဆောနူလေး ... ဂျယ်ယွန်းနီး အိပ်နေပြီ ”
“ ဟင့် ဘာလို့ ဂျယ်ယွန်း ကဆေးရုံတက်နေရတာလည်းဟင် နာနာကြီးဖြစ်လို့လားဟင် ”
“ အင်းဟုတ်တယ် အခု အဲ့နာနာကြီး မနာတော့အောင် အိပ်မှရမှာမလို့ ဆောနူလေးက ငြိမ်ငြိမ်လေးနေပေးနော် ”
ခေါင်းတဆက်ဆက်ငြိမ့်ကာ ဂျယ်ယွန်းကုတင်ဘေးက ခုံလေးမှာ ဝင်ထိုင်နေသော ဆောနူဟာလည်း မျက်ရည်လေးစမ်းတမ်းစမ်းတမ်း ။ သူ့ကိုမြင်တာနဲ့ တမျိုးမဟုတ်တမျိုး စနောက်တတ်သော ဂျယ်ယွန်း က အခုလို အိပ်ပြီးငြိမ်နေတော့လည်း ဆောနူလေး မနေတတ်ရှာ ။ ဆေးပိုက်တွေချိတ်ထားတဲ့ ဂျယ်ယွန်း လက်လေးကိုကြည့်ကြည့်ပြီး ရှိုက်သံလေးတွေ ထွက်လာနေသေးသည် ။
“ မြန်မြန်နေပြန်ကောင်းလာရင် နူးနူး က ဂျယ်ယွန်းနီး ကြိုက်တဲ့ စတော်ဘယ်ရီကိတ်မုန့်လုပ်ကျွေးမှာမလို့ မြန်မြန်နေကောင်းရမယ်နော် ”
ESTÁS LEYENDO
𝗝𝗮𝗲𝘆𝘂𝗻𝗶𝗲
Fanfic" ရုန်းထွက်ရင်းနဲ့ ထပ်ထပ်နစ်ခဲ့ ဖြတ်တောက်တိုင်းလည်း ပြတ်ဖို့ခက်တဲ့ သံယောဇဥ် ~ " #ᴊᴀᴇʏᴜɴ #ᴊᴀᴋᴇ_ᴄᴇɴᴛʀɪᴄ #ʜᴇᴇsᴇᴜɴɢ #ᴊᴏɴɢsᴇᴏɴɢ #sᴜɴɢʜᴏᴏɴ 020522