Episode 1(Z+U)

5.7K 441 26
                                    

[Zawgyi]
1
"သခင်မလေးမုန်း ပြန်လာနေပြီတဲ့"

အိမ်စေ တစ်ဦးသတိပေးလိုက်သည်နှင့် စံအိမ်ကြီးတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားကြ၏။

အခန်းကိုအလှဆင်သူကဆင် ကြမ်းတိုက်သူကတိုက်
အစားအသောက်များကိုနွှေးသူကနွှေး ခြံဝဆီပြေးသူကပြေးနှင့် ဝုန်းဒိုင်းကြဲနေလေသည်။

မကြာမီ ထိုစံအိမ်ကြီးအတွင်းသို့ကားတစ်စီးထိုးစိုက်လာပြီး ကားအတွင်းမှ အနက်ရောင်လေဒီရှူးစီးထားသည့်ခြေထောက်တစ်စုံက မြေပေါ်သို့ ကြွကြွရွရွချဆင်းလာ၏။

မုန်း သူမနေကာမျက်မှန်ကိုချွတ်လိုက်ကာ မျက်လုံးကိုဝေ့ဝိုက်ကြည့်လိုက်ပြီးနောက်

"မမယုရော"

"မမယုလာပါပြီ"

အသံထွက်လာရာနေရာကိုမုန်းလှမ်းကြည့်လိုက်တော့
သူမထံ ယုက ခပ်သုတ်သုတ်ကလေးပြေးလာနေလေ၏။

ကားပေါ်မှဆင်းကာ သူမထံ ကပိုကယိုလေးပြေးလာသော ယုကို မုန်းတစ်ချက်ကြည့်လိုက်ကာ

"ဒီနေ့ကျွန်မအိမ်ပြန်လာမယ်ပြောထားတာကို ဘာလို့အိမ်မှာအဆင်သင့်စောင့်မနေတာလဲ"

ယုက သူမကို စူးစူးရဲရဲကြည့်နေသည့် မုန်းကိုသေချာပြန်မကြည့်ဘဲ မျက်လုံးလေးအောက်ချကာ

"ဒီနေ့အရေးကြီးခွဲစိတ်လူနာရှိလို့ပါ"

"ကျွန်မထက်ပိုအရေးကြီးတယ်ပေါ့"

ယု မုန်းကို မဝံ့မရဲပြန်ကြည့်လိုက်ရင်း

"လူ့အသက်လေကွယ်"

မုန်းက သဘောကျဟန်ဖြင့် တစ်ချက်ပြုံးလိုက်လေ
သည်။
သို့သော် ယုကတော့ မပြုံးနိုင်။
မုန်း ၏ အပြုံးကိုသူမကြောက်ပါသည်။

မုန်းက ပြုံးရင်း သူမအိတ်ကို ဘေးမှအိမ်စေလေးအား လှမ်းပေးလိုက်ကာ

"မမယု ကျွန်မအခန်းကိုသွားရအောင်"

ယု သူမရှေ့ကနေထွက်သွားသော မုန်းနောက်သို့
အထိတ်တလန့်လိုက်သွားရင်း အခန်းထဲရောက်တော့
မုန်းကအခန်းလော့ခ်ကိုချလိုက်၍

"ခရီးသွားနေတဲ့၁ပတ်အတွင်း ကျွန်မကိုဆင်ခြေ
ပြန်ပေးဖို့သတ္တိတွေမမယုဘယ်ကရလာတာလဲ"

ယုယပါရစေ..ယုရယ်(complete)Where stories live. Discover now