Episode 10(zawgyi)

1K 30 0
                                    

[Zawgyi]
၁၀

"ဒယ်ဒီ မုန်းကိုဘာလို့ခေါ်တာလဲ"

မုန်း ဦးဟယ်ရီ ၏ ရှေ့ခုံတွင် ဝင်ထိုင်ရင်းမေးလိုက်တော့

"အရမ်း အရမ်း ချီးကျူးချင်လို့ good job my girl"

ဦးဟယ်ရီက ရယ်မောပြီးပြောလိုက်သဖြင့် မုန်းပါ ပြုံးမိသည်။

"မုန်းက အဲ့တာတောင်ကျေနပ်တာမဟုတ်ဘူး ဒယ်ဒီရဲ့"

ဦးဟယ်ရီ ခြေထောက်ချိတ်ထိုင်လိုက်ပြီး

"ဒီလောက်ဆိုမှတ်လောက်ပါပြီ မှတ်ထားနော် မုန်း အရေးပိုင်မင်းဟယ်ရီမန်း ရဲ့သမီးတွေကို ဘယ်သူမှစကားလေးနဲ့တောင်မထိစေနဲ့"

မုန်း ဦးဟယ်ရီအား လေးလေးနက်နက် ကြည့်ရင်း သွားစွယ်လေးပေါ်အောင်ပြုံးလိုက်ကာ

"စိတ်ချပါဒယ်ဒီ မုန်းမဟူရာဆိုတဲ့နာမည်ကြားတာနဲ့ သူတို့ဘဝမှာနတ်ဆိုးလိုကြောက်ရွံ့နေစေရမယ်"

"Cheers"

မုန်း၏ စကားကြောင့် ဦးဟယ်ရီက သူ့ရှေ့မှ ဝိုင်ခွက်လေး နှင့် မုန်းလက်ထဲမှ ဝိုင်ခွက်ကိုတိုက်ပြီး သဘောကျစွာရယ်မောလိုက်၏။

သားအဖ နှစ်ယောက်က ကျေနပ်နေကြသော်လည်း အရေးပိုင်ကတော်က အပြင်ရောက်နေ၍ မသိ။

သိလျှင်တော့ ပွစိပွစိ ပြောနေမှာ သေချာပါသည်။

~~~~~

"မုန်း"

သူမ အိမ်သို့ပြန်ရောက်သည်နှင့် ယု က ထုံးစံအတိုင်းသူမကိုလာဆီးကြိုနေလေ၏။

မုန်း ယု၏ ပါးပြင်ကိုတစ်ချက်နမ်းလိုက်ကာ အခန်းထဲဝင်သွားတော့ ယု က ပါ သူမနှင့်အတူလိုက်လာကာ သူမကိုတစ်ခုခုမေးချင်ပုံပေါ်နေ၍

"မမယု ကျွန်မကိုဘာမေးမလို့လဲ"

ယု က မမေးရဲမေးရဲ ပုံစံလေးဖြင့် ထုံးစံအတိုင်း လက်ချောင်းလေးများကိုပွတ်သပ်ရင်း

"ဟို ဟို ဒေါ်ရီရီနိုင်ရဲ့ လက်ညှိုးတွေကို မုန်းဖြတ်လိုက်တာလား"

မုန်းက အင်္ကျီကြယ်သီးဖြုတ်နေရာမှ ရပ်လိုက်ကာ ယုဘက်လှည့်၍ မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး

ယုယပါရစေ..ယုရယ်(complete)Where stories live. Discover now