Episode 9

3.2K 306 25
                                    


အချိန်ကား ည ၁၂နာရီ

ထိုအချိန် လမ်းမပေါ်တရွေ့ရွေ့သွားနေသောကားလေးတစ်စီး။

ရှေ့တွင်လဲကျသွားသော လူတစ်ယောက်ကြောင့်ထိုကားလေးကရပ်တန့်သွား၏။

"ဘာလို့ရပ်လိုက်တာလဲ"

မင်းနိုင်၏ မိခင် ဒေါ်ရီရီနိုင်က မေးလိုက်တော့ ဒါရိုက်ဘာမှ

"လူတစ်ယောက်ကားရှေ့လဲကျသွားလို့ပါ မဒမ်"

သူမ စုတ် တစ်ချက်သပ်လိုက်ပြီး

"အို ပွဲကရှုံးလာပါတယ်ဆိုမှ တိုက်မိသွားတာလား ဆင်းကြည့်လိုက်ဦး"

လောင်းကစားဝိုင်းတွင်ပါသမျှငွေရော လက်ဝတ်လက်စားတွေပါပြုတ်သွား၍ စိတ်ညစ်ပါသည်ဆိုမှ ဘာဖြစ်ပြန်ပြီလဲမသိ။

ဒါရိုက်ဘာက ကားပေါ်မှဆင်းသွားပြီးနောက် လဲကျသွားသောထိုလူနားသို့ကပ်လိုက်သည်နှင့်

"အား"

ထိုလဲကျနေသည့်သူကဒါရိုက်ဘာအားတိုက်ခိုက်လိုက်တာကိုမြင်လိုက်ရသဖြင့် သူမပါးစပ်ကိုအုပ်လိုက်ကာ အလန့်တကြားပြေးမည်လုပ်တော့ ကားနားကို လူ၅ယောက်ခန့်ကဝိုင်းလာ၏။

ထိုသူများက သူမအား ဖမ်းချုပ်သွားကာ ကားကိုတော့မီးရှို့လိုက်ကြသည်။

တောနက်ထဲရောက်တော့ သူမ မျက်လုံးတွင်အုပ်ထားသည့် အဝတ်စအား ဖယ်လိုက်ရာ မိန်းကလေးတစ်ယောက်ကကျောပေးရပ်နေသည်ကို ဒေါ်ရီရီနိုင်မြင်လိုက်ရသည်။

သူမ သိလိုစိတ်ဖြင့်ကြည့်နေရင်းထိုမိန်းကလေးက တဖြေးဖြေးလှည့်လာရာ ဒေါ်ရီရီနိုင်မျက်လုံးပင်ပြူးသွားရ၏။

ဒူးထောက်နေသော ဒေါ်ရီရီနိုင်နားသို့ မုန်းက တစ်လှမ်းချင်းတိုးလားကာ

"သားသေလို့ဝမ်းနည်းပြေပြီထင်တယ် လောင်းကစားတောင်အတော်လုပ်နိုင်နေပြီနော် ဒေါ်ဒေါ်"

"မင်းဒါဘာလုပ်တာလဲ မုန်းမဟူရာ"

"သတိရလို့ တွေ့ချင်လို့ပါ"

မုန်းက ပြုံးပြီးပြောလိုက်သော်လည်း ဒေါ်ရီရီနိုင်ကတော့ ကြောက်လန့်နေသည့်ပုံ။

ယုယပါရစေ..ယုရယ်(complete)Where stories live. Discover now