Episode 2(Z+U)

4.1K 393 12
                                    

[Zawgyi]
2

မြေပြင်ပေါ်လဲကျသွားသည့် ယု ၏ ခြေနှင့်လက်များမှ သံကြိုးများကိုမုန်းဖြေပေးလိုက်ပြီးနောက် ယုကိုပွေ့ချီလိုက်ကာ ယု၏ အခန်းသို့ဦးတည်လိုက်၏။

ထို့နောက် ယုကို ခုတင်ပေါ် ညင်သာစွာ ချလိုက်ကာ သွေးများဖြင့်စွန်းထင်းနေသည့် ယုအင်္ကျီနောက်ကျောကို ဆုတ်ဖြဲလိုက်ပြီးနောက်

"တော်တော်စုတ်ပြတ်သွားတာပဲ လှလှ ရှိလား လှလှ"

"လာပါပြီ သခင်မလေး"

"အဝတ်သန့်သန့်တစ်ထည်နဲ့ရေယူခဲ့ပေး အခန်းဝမှာပဲနေနော် အထဲဝင်မလာနဲ့"

"ဟုတ်ကဲ့ သခင်မလေး"

မုန်း ထိုအိမ်စေမလေး ယူလာပေးသည့် ရေနှင့်အဝတ်ကိုယူကာ ယု၏ ကျောပြင်မှဒဏ်ရာများကို သန့်ရှင်းပေးပြီးမှ ယု၏ ဆေးဘီရိုအတွင်းမှ ဆေးအချို့ကိုယူကာ စိတ်ရှည်လက်ရှည်ဆေးထည့်ပေးနေမိသည်။

မုန်းက ယုနှင့်အနေကြာ၍ ဆေးအချို့ကိုလည်းသိထားပါသည်။

ဆေးက စပ်၍လားမသိ တစ်ချက်တစ်ချက် တွန့်သွားသော ယုခန္ဓာကိုယ်လေးကိုကြည့်ကာ မုန်းသနားစိတ်အနည်းငယ်ဝင်ချင်သော်လည်း ဝင်မရပါ။

မုန်းဟာ မည်သည့်နေရာမှာမဆို အမြဲ နံပတ်၁
ဖြစ်ချင်သည်။

မိဘများ၏ အချစ်ကိုလည်း မုန်းကသာပထမဆုံး
လိုချင်သည်။

သို့သော် ယုက မုန်းမတိုင်ခင် ထိုအိမ်၏အရှင်သခင်မဖြစ်ခဲ့သည်မဟုတ်လော။

အိမ်စေအများစုနှင့် ထိုမြို့မှလူအများစုကလည်း မုန်းထက် ယုကိုသာပိုလိုလားကြမှန်း မုန်းသိသည်။

မုန်း ယုကို မုန်းပါသည်။

ယုကို ကလေးဘဝတည်းကအနိုင်ကျင့်သည်။

အရွယ်လေးရောက်လာတော့လည်း ယုကိုနည်းအမျိုးမျိုးဖြင့် နှိပ်စက်သည်။

သူမနှိပ်စက်လိုက်တိုင်း နာကျင်နေရသော ယု၏ပုံစံကိုကြည့်ရတာ မုန်းကျေနပ်သည်။

သို့သော်ညား သူမနားက ယုထွက်ပြေးသွားမှာကိုတော့မုန်းကြောက်ပါသည်။

ယုယပါရစေ..ယုရယ်(complete)Where stories live. Discover now