ယနေ့မုန်း လီလီတို့နှင့်အပြင်မသွားဘဲအိမ်တွင်းပုန်းနေဖြစ်၏။မနေ့ညက ဖြစ်ရပ်ကိုပြန်တွေးတိုင်းနားထင်ကြောများထောင်လာသည်အထိဒေါသထွက်ရသည်။
လီလီ့နောက်ပါလာသည့်သူမကိုမတားသည်ရော မင်းနိုင်အသားထိသည်ကိုလက်ခံခြင်းကြောင့်ရော ယုကိုသူမ တစ်စစီဆွဲဖြဲချင်မိနေသည်။
ဒေါက် ဒေါက်
မုန်း ဆေးလိပ်ကို ဇိမ်ခံဖွာနေရင်း တံခါးခေါက်သံကြောင့်
"ဝင်ခဲ့ပါ"
"မုန်းဘာလို့အဲ့လိုလုပ်ရတာလဲ"
မဝံံ့မရဲအသံလေးဖြင့် သူမကိုမေးနေသည့် ယုကိုမုန်းက ခပ်ပြုံးပြုံးလေးကြည့်လိုက်ကာ
"ဘာကိုပြောချင်တာလဲ မမယု"
ယုက လက်ထိပ်လေးများကုတ်ဖဲ့နေရင်း
"မင်းနိုင်ကိုဘာလို့သတ်လိုက်တာလဲ လူ့အသက်ကိုအဲ့လိုမလုပ်သင့်ဘူးလေ"
ယုအသံကတဖြေးဖြေးတိမ်ဝင်သွားသဖြင့် မုန်းဆေးလိပ်တိုကိုပစ်ချလိုက်ပြီး ယု အနားသို့လှမ်းလာလိုက်ကာ
"အဲ့ကောင်အသက်ကိုမမယုကနှမြောတယ်ပေါ့"
"မမယုကဆရာဝန်ပါ လူတိုင်းရဲ့အသက်ကိုတန်ဖိုးထားတယ်"
ယုက သူမကို သေချာကြည့်ပြီးဖြေလိုက်သဖြင့် မုန်းမျက်လုံးတို့ကစူးရဲလာကာ ယု မေးဖျားကိုသူမလက်သည်းရှည်ရှည်တို့ဖြင့်ကစားနေရင်း
"မမယုသတ္တိတွေကောင်းလာပြန်ပြီ"
ယု ကတော့ ချွေးစေးများသာပြန်လာရတော့၏။
"မုန်း သူများအသက်ကိုသတ်ရင် ငရဲကြီးလိမ့်မယ်"
လျော့ရဲရဲအသံလေးဖြင့် ယုကပြောလိုက်ရာ မုန်းက အားရပါးရယ်လိုက်ပြီး
"ဟားဟား ငရဲဆိုတာ ဘာလဲ မမယုသိလား"
ယု ဘာမှပြန်မဖြေ။
မုန်း သူမကို မရဲတရဲကြည့်နေသည့် ယု လက်ကိုဆွဲကာ စံအိမ်အောက်ထဲရှိမြေအောက်ခန်းများထဲမှအခန်းတစ်ခုဆီခေါ်သွားလိုက်ပြီး ယုကိုထိုအခန်းထဲပစ်ထည့်လိုက်ကာ
YOU ARE READING
ယုယပါရစေ..ယုရယ်(complete)
Romanceမမယုသေသွားရင်တောင် မမယုဝိဥာဉ်က မုန်းအနားမှာအမြဲရှိနေရမယ်