Episode 8

3.2K 344 9
                                    


"မမယုကိုကျွန်မ ဆက်မမုန်းနိုင်တော့ဘူးထင်တယ်"

ထို့နောက် မုန်းက ဖိကပ်ထားသော နှုတ်ခမ်းကိုခွါလိုက်ကာ ကားစက်နှိုး၍စံအိမ်သို့ဦးတည်လိုက်သည်။

ယု တစ်လမ်းလုံးမုန်းကိုငေးလိုက် သူမနှုတ်ခမ်းသူမပြန်ကိုင်လိုက် နှင့် အိမ်ပြန်ရောက်လို့ ရောက်မှန်းတောင်မသိလိုက်။

မုန်းက ကားပေါ်မှ ဆင်းသွားတာမြင်မှ ယု ကမန်းကတန်းလိုက်ဆင်းမိသည်။

သူမ ကိုလှည့်တောင်မကြည့်ဘဲ အခန်းပေါ်တက်သွားသည့် မုန်းကြောင့် ယု မျက်မှောင်ကြုံ့ရ၏။

ဆက်မမုန်းနိုင်တော့ဘူးဟူသည့်စကားကြောင့် ပျော်ရွှင်မိသော်လည်း ချစ်တယ်လို့ပြောသွားတာမဟုတ်တော့ အခက်။

ယု သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက်

"ချစ်စကားဆိုလည်း တည့်ပြောပါလားကွယ်"

မုန်း အခန်းထဲရောက်တော့ ရှပ်မှကြယ်သီးကိုတစ်လုံးချင်းဖြုတ်ရင်း လွန်ခဲ့သည့် မိနစ်ပိုင်းအတွင်းမှ ဖြစ်ရပ်တို့ကိုတွေးနေမိသည်။

ယုကို နှစ်ပေါင်းများစွာ မုန်းသည်ဟု ကြွေးကြော်ခဲ့သည့် သူမ ယခုတော့ မုန်းအပေါ်အချစ်စိတ်တို့ လွှမ်းမိုးချင်လာလေပြီ။

အစကတော့ ယုအပေါ်ထားသည့် သူမ၏ အတ္တဟုထင်နေသော်လည်း ယုကိုတိတ်တဆိတ်ချစ်မိနေမှန်း
မုန်းသေချာမသိ။

ကလေးဘဝ တည်းက ယုကိုအခြားသူများနှင့်ကစားခွင့်မပြုဘဲ သူမနှင့်သာ အတူကစားစေကာ အရွယ်ရောက်တော့လည်း သူမနားတွင်သာ အဖော်ပြုစေခဲ့ခြင်းက ယုကိုမုန်း၍ တမင်ချုပ်ခြယ်ခြင်းဟု ကိုယ့်ကိုကိုယ်လိမ်ညာခဲ့မိသည်။

မုန်း အဖြေရှာတွေ့ပြီ ထင်၏။

မုန်းသည် ယုကို မုန်းရင်းချစ်နေသည်။

~~~~

ယု မုန်းနှင့်အတူ ဆေးပစ္စည်းများဝယ်ရန် ဈေးဆိုင်ဝင်းကြီးသို့ရောက်နေ၏။

မုန်းက ယုကို ဆေးရုံကိုသာသွားခွင့်ပြုပြီး ဆေးခန်းဖွင့်ခွင့်မပြု။

ယုယပါရစေ..ယုရယ်(complete)Where stories live. Discover now