Episode 3(Z+U)

3.9K 379 23
                                    

[Zawgyi]
3

အချိန်ကား ည၉နာရီပင်ထိုးလုပြီ။

မုန်းကခုထိပြန်မလာသေး၍ ယု ဧည့်ခန်း၌ စာဖတ်ရင်းစောင့်နေမိ၏။

တီ တီ

ကားဟွန်းသံကြောင့် ခြံစောင့်က ခြံတံခါးသွားဖွင့်ပေးလိုက်သလို ယု လည်း ဧည့်ခန်းတွင်စာဖတ်နေရာမှ မုန်းကိုကြိုရန် ထွက်လာခဲ့လိုက်သည်။

ယု ကားခေါင်းခန်းကိုလှမ်းကြည့်လိုက်ရာ ကားမောင်းသူမှာ မုန်း မဟုတ်ဘဲ အခြားသူတစ်ယောက်ဖြစ်နေ၍
ယု မျက်ခုံးလေးများကအနည်းငယ်တွန့်ချိုးသွားရ၏။

ခြံစောင့်ကောင်လေးက ကားနောက်ခန်းတံခါးကိုဖွင့်ပေးလိုက်တော့ မုန်းနှင့်ရွယ်တူခန့်ရှိမည့်ခပ်ချောချောမိန်းကလေးတစ်ဦးက မူးနေသည့်မုန်းကိုတွဲကာ ဆင်းလာသဖြင့်ယု သူမထံမှ မုန်းကိုလှမ်းတွဲလိုက်တော့ ထိုမိန်းကလေးကလက်မခံဘဲ

"ရပါတယ် မုန်းကို လီလီအထဲထိလိုက်ပို့ပေးပါ့မယ်"

ယု လီလီဆိုသည့် မိန်းကလေးအား ခပ်စူးစူးအကြည့်တို့ဖြင့်ကြည့်လိုက်ကာ

" မင်းကို တို့ အိမ်ထဲမခေါ်မိပါဘူး တို့ ညီမကို တို့ဘာသာ ခေါ်သွားပါ့မယ်"

ယုပြောနေသည်ကိုပင် လီလီ က ဂျစ်ကန်ကန်ကြည့်နေသဖြင့် ယု ကသူမကိုပြုံးပြလိုက်ပြီး မုန်းအား လီလီ့လက်ထဲမှလှမ်းဆွဲလိုက်၏။

လီလီက ယုကိုသိပ်မကျေနပ်ပုံဖြင့် ဆက်ကြည့်နေသလို ပြုံးနေသော်လည်း လီလီ့အား ခပ်စူးစူးအကြည့်တို့ဖြင့်ကြည့်နေသည့် ယု ကြောင့် ကားမောင်းသည့်ခုံမှအခြားမိန်းကလေးတစ်ဦးကထွက်လာပြီး လီလီ့လက်ကိုဆွဲ၍

"မမယု နဒီ တို့ကိုခွင့်ပြုပါဦး"

ယု သူမတို့ကိုခေါင်းငြိမ့်ပြကာ

"ကောင်းပါပြီ "

"ဟုတ်ကဲ့ မမယု "

ယု ခြံအပြင်သို့မျက်လုံးကစားကြည့်လိုက်တော့ ခြံအပြင်တွင်ကားတစ်စီးက ရပ်ထားသည်ကိုတွေ့လိုက်ရသဖြင့် သူမတို့ကိုဘာမှမပြောဘဲ မုန်းကိုသာတွဲ၍ အိမ်ထဲဝင်ရန်ဆိုင်းပြင်းလိုက်သည်။

ယုယပါရစေ..ယုရယ်(complete)Where stories live. Discover now