Episode 22(Z+U)

3.6K 342 34
                                    

[Zawgyi]
၂၂

ဆေးရုံမပို့ပါနှင့်ဟု မရမကတောင်းဆိုထားသည့် ယု ကြောင့် ဒေစီ ရှိသည့်ပစ္စည်းကိရိယာဖြင့် ရအောင် ကုသပေးနေရ၏။

သွေးထွက်များထားသဖြင့် ဒေစီ့ခမျာချွေးပြန်နေရပြီ။ အရေးပိုင်မင်းကလည်း ထို သတင်းကြောင့် စံအိမ်သို့ရောက်လာ၏။

အခန်းတွင်းဝယ် အရေးပိုင်မင်းတို့ဇနီးမောင်နှံ နှင့် အခြားသူများက စိုးရိမ်တကြီးဖြစ်နေကြသော်လည်း မုန်း ကတော့ အခန်းထောင့်တွင် အသက်မပါသလိုရပ်နေလေသည်။

သူမ နှုတ်ခမ်းသို့လာစင်ထားသော ယု၏သွေးအချို့သည်လျှာဖျားနှင့်ထိတွေ့လိုက်သောအခါ မုန်း အတိတ်ကိုသတိရမိသည်။

"မမယုရဲ့သွေးကအရမ်းချိုတာပဲ"

ဖြစ်ရပ်တစ်ခုချင်းဆီသည် သူမဦးနှောက်ထဲတွင်
အစီစီအရီရီပေါ်လာလေသည်။

ကလေးဘဝငယ်စဉ်တည်းမှ သူမအနိုင်ကျင့်သမျှခံခဲ့သော ယု။ အရွယ်ရောက်တော့လည်း မုန်းမဟူရာ ၏ နှိပ်စက်မှုတိုင်းကို တောင့်ခံကုပ်တွယ်ခဲ့သော ယု။ မုန်းနှင့်ပတ်သက်လျှင် တစ်လောကလုံးကိုအံတုရဲသော ယု။

ယု နဲ့ လွန်ကြူးခဲ့မိသော ထိုည။ မုန်း အရာအားလုံးကိုမှတ်မိပြီ။

အသိဝင်လာပြီး ယု ကိုလှမ်းကြည့်တော့ အသက်ကို
မနည်းရှူနေရပုံ။
ဒေစီကလည်း အသည်းအသန် ကတုန်ကယင်ဖြင့် ကုသနေလေ၏။

"မရဘူး ဒေါ်ဒေါ် ဆေးရုံမပို့ရင် သေသွားလိမ့်မယ်"

"ဒါဆိုဆေးရုံအမြန်ပို့ရအောင်"

ဆေးရုံ၏အရေးပေါ်ခန်းအပြင်ဘက်တွင် မုန်း စကားတစ်ခွန်းမှမပြောဘဲငြိမ်ကုပ်နေမိသည်။

ထိုစဉ် သူမရှေ့သို့ရောက်လာသည့် ခြေအစုံကြောင့် မုန်း မော့ကြည့်လိုက်တော့ ဒေစီကသူမကို စိတ်ပျက်နေပုံဖြင့်

"ဘယ်လိုပဲအတိတ်မေ့နေတယ်ပြောပြော ဒီလောက်လုပ်ဖို့လိုလို့လား"

"ကျွန်မအားလုံးကိုမှတ်မိပါပြီ"

ဒေစီက ခနတာတိတ်ဆိတ်သွားပြီး

"မင်း ယုကိုတကယ်မချစ်ဘူး မုန်း"

"မဟုတ်ဘူး အစ်မဒေစီ ကျွန်မ မမယုကိုချစ်ပါတယ်"

ယုယပါရစေ..ယုရယ်(complete)Where stories live. Discover now