Episode 15

2.8K 278 18
                                    



"ခင်ခင်တို့ပြန်ရောက်ပြီ အမေ"

ခင်ခင့်အသံကြားတော့ အိမ်ထဲမှ သူမ၏မိခင်ဖြစ်သူ အရီးသန်းတင် က ထွက်လာကာ

"မဟူရာရယ် အိမ်ထဲနားနေတာမဟုတ်ဘူး ဒဏ်ရာတွေက အရှင်းမှမပျောက်သေးတာ"

မုန်း အရီးကိုပြုံးပြလိုက်ပြီး ကွပ်ပစ်လေးတွင်ထိုင်လိုက်ရင်း

"သမီးသက်သာနေပါပြီ အမေရဲ့"

အရီးက မုန်း၏ ဘေးတွင် ဝင်ထိုင်လိုက်ပြီး အကြမ်းရည်တစ်ခွက်ငှဲ့သောက်လိုက်၏။

ခင်ခင်ကပါ ပန်းစည်းလေးကိုချကာ အရီး၏ ဘေးနေရာလွတ်လေးတွင်ထိုင်ပြီး

"မဟူရာ ဘေးမှာ သမီးရှိပါတယ် အမေ စိတ်မပူပါနဲ့"

မုန်း ခင်ခင့်ကိုကြင်ကြင်နာနာကြည့်လိုက်တော့ ခင်ခင်က ရှက်ပြုံးလေးပြုံး၏။

အရီးကတော့ အကြမ်းပန်းကန်လေး ကိုင်ရင်း သဘောကျနေလေသည်။

လွန်ခဲ့သော် တစ်လ ဝန်းကျင်က ခင်ခင်နှင့် သူမသူငယ်ချင်း တောစပ်တွင် ပန်းခူးထွက်ရင်း ဒဏ်ရာများဖြင့် သတိလစ်နေသော မုန်းကိုတွေ့ခဲ့သည်။

အသက်ရှူသေးသဖြင့် ခင်ခင် မုန်းအား သူမအိမ်ခေါ်လာကာ ဖခင်ဆေးဆရာကြီးအားကုသခိုင်းခဲ့ရာ မုန်း အသက်အန္တရာယ်မှလွတ်မြောက်သွားသော်လည်း ဦးနှောက်ကတော့ ဘာကိုမှမမှတ်မိတော့။

"ကဲ ညနေစောင်းလုပြီဆိုတော့ ရေချိုးကြတော့လေ"

"ဟုတ်ကဲ့"

အရီးစကားအဆုံး မုန်းနှင့် ခင်ခင် အိမ်တွင်းဝင်ခဲ့ကြ၏။

ခင်ခင်က အရင်ချိုးရန် ထွက်သွားပြီး မုန်းကတော့ ထဘီရင်လျှားကာ မှန်ထဲကြည့်လိုက်ပြီး ရင်ဘက်၏ ဘယ်ဘက်နားမှ မီးလောင်ဒဏ်ရာသဖွယ်အမာရွတ်ကိုကိုင်ကြည့်နေမိသည်။

တစ်ဆက်တည်းဦးနှောက်ထဲ၌ မီးခဲတစ်ခုဖြင့်ကိုယ့်ရင်ဘက်ကိုယ်ပြန်ကပ်နေသော ပုံရိပ်နှင့် သူမအားစိုးရိမ်တကြီးဆေးထည့်ပေးနေသည့် အမျိုးသမီးတစ်ဦး၏ ပုံရိပ်က ရေးတေးတေးပေါ်လာလေသည်။

"ကျစ်"

မုန်း အားယူပြီးစဉ်းစားကြည့်လိုက်ရာ ခေါင်းက ထိုးကိုက်လာသဖြင့် ဘာမှတွေးမနေတော့ဘဲ အိမ်အောက်ထပ်သို့ဆင်းခဲ့လိုက်သည်။

ယုယပါရစေ..ယုရယ်(complete)Where stories live. Discover now