Episode 12

3.2K 339 15
                                    

၁၂

လူသားတိုင်းတွင် dark side ရှိကြသည်။

ယုသစ္စာခင်ဟူသည့် ထိုမိန်းကလေးတွင်လည်း အများနည်းတူ dark side ရှိပါသည်။

သို့သော် သူမ၏ dark side မှာ မုန်းမဟူရာ ဆိုသော သူမ၏ သခင်မ မမည်သည့် သခင်မလေးကိုလာရှုပ်သူများအတွက်သာ။

မီးလောင်တောထဲမှ အသည်းအသန် လွတ်အောင်ရုန်းကန်နေရသည့် လီလီ တို့ပုံစံကို ယု အရသာခံကာ ကြည့်နေမိသည်။

အသက်အန္တရာယ်ပေးလောက်ဖို့ထိတော့ လုပ်ဖို့ မရည်ရွယ်ထားသဖြင့် သူတို့အား လွတ်လမ်းလေးအနည်းငယ်ထားပေးထားခြင်းဖြစ်သည်။

လီလီ က အမောတကော ဖြစ်နေသည့်ကြားမှ သူမကို မကျေမနပ်လှမ်းကြည့်နေ၍ ယု ပိုမိုသဘောကျစွာပြုံးမိလိုက်၏။

သူမ တပည့်များကို ငွေပေးပြီး ထိုဘားအား မီးရှို့ခိုင်းထားသည့်အပြင် ဘားအတွင်း လူရှင်းနေအောင်ပါ ယု ကြိုစီစဉ်ခိုင်းထားရသည်။

သူမ ကိုမြင်တော့ လွင် နှင့် နဒီက အနည်းငယ်ထိတ်လန့်သွားပုံပေါ်။

ယု ကြည့်လို့ဝသွားတော့မှ ကားပေါ်တက်လိုက်ကာ အိမ်သို့ ဦးတည်လိုက်သည်။

"မမယု ဘယ်ကပြန်လာတာလဲ"

သူမ အိမ်ထဲသို့ခြေချလိုက်သည် နှင့် မုန်းက ဆီးကြိုပြီး မေးလိုက်သဖြင့် ယု ပြုံးပြလိုက်ကာ

"ကလေးတွေနဲ့ နည်းနည်းသွားကစားလာတာပါ"

ယု၏ အဖြေကြောင့် မုန်းက သဘောကျသွားဟန်ဖြင့်

"မမယု ပျော်တယ်ဆိုရင် ကြိုက်တာလုပ်ပါ"

မုန်း နာရီလေးတစ်ချက်ကြည့်လိုက်ပြီး

"အာ ၁၀နာရီထိုးကာနီးပြီပဲ အိပ်ချိန်ရောက်ပြီ"

ယု က ခေါင်းငြိမ့်ပြလိုက်တော့ မုန်း သူမကိုရုတ်တရပ်ပွေ့ချီလိုက်ကာ

"မမယု အိပ်ရတာကြိုက်လားဟင်"

"ကြိုက်တာပေါ့"

"ကျွန်မလည်းအိပ်ရတာကြိုက်တယ်ဆိုတော့...တူတူအိပ်ရအောင်လေ"

မုန်းက သူမကိုချီထားရင်းမှ ချွဲနွဲ့သလိုလေးပြောလိုက်၍ ယု မျက်လုံးလေးများ မှေးသွားသည်အထိလိုက်လိုက်မိ၏။

ယုယပါရစေ..ယုရယ်(complete)Tahanan ng mga kuwento. Tumuklas ngayon