Episode 21

3.9K 314 42
                                    

၂၁

"အားတင်းထားပါ ခင်ခင်ရယ် နင့်ဘေးမှာငါရှိတယ်နော်"

ခုံတွင်ထိုင်ပြီး ရှိုက်ကြီးတငင်ငိုကြွေးနေသည့်ခင်ခင့်ပုခုံးလေးကိုကိုင်ကာ မုန်းနှစ်သိမ့်ပေးနေမိသည်။

သူမတို့၂ယောက် ခင်ခင့်မိဘများထံပြန်ရန်ပြောထားသည့်ကာလအတွင်း ခင်ခင့်မိဘများသေဆုံးခဲ့သည်။သေဆုံးသည်မှာလည်း သူများသတ်၍။

လူ ၃ယောက်ခန့်က ခင်ခင်တို့အိမ်ကိုအတင်းဝင်ကာ ခင်ခင့်မိဘများကိုပစ်သတ်သွားခဲ့သည်တဲ့။

မုန်း ထိုသတင်းကိုကြားကြားချင်း အတော်ထိတ်လန့်သွားခဲ့ရသလို ခင်ခင်ဆိုဆက်တိုက်ငိုနေတာ တစ်နေု့လုံးမနား။

ယုကတော့မျက်စိမျက်နှာပျက်နေကာ ဘာတစ်ခွန်းမှမပြောဘဲ တစ်ခုခုကိုထိုင်စဉ်းစားနေသယောင်။

"မဟူရာရယ် ငါ့မှာပြေးကြည့်မှ အမေနဲ့အဘပဲရှ်ိတာကို ခုတော့ ခုတော့..."

"နင့်မှာငါရှိသေးတယ်လေဟာ တိတ်ပါတော့ နင်အရမ်းငိုနေရင်ကျန်းမာရေးထိခိုက်လိမ့်မယ်နော်"

မုန်း ခင်ခင့်ကိုနှစ်သိမ့်ပေးလိုက်ပြီး ခင်ခင့်အားအခန်းထဲချော့ခေါ်သွားလိုက်သည်။

"ခင်ခင် ခနထိုင်ဦးနော်"

"နင်ဘယ်သွားမလို့လဲ"

သူမလက်ကိုလှမ်းဆွဲကာ မျက်လုံးဝိုင်းလေးဖြင့် ညှိုးညှိုးငယ်ငယ်ပြောလိုက်သော ခင်ခင့်ကြောင့် မုန်းအတော်စိတ်မကောင်းဖြစ်ရသည်။

သို့သော်လည်း ယုနှင့်စာရင်း အရင်ရှင်းဖို့ကအဓိကဖြစ်၍ ခင်ခင့်ကိုမရမကချော့ပြောကာ ယုထံဦးတည်လိုက်၏။

"မမယု ဒါဘာလုပ်တာလဲ"

ဒေါသတကြီးဝင်လာသည့်မုန်းပုံစံကိုကြည့်ကာ ခင်ခင့်မိဘများကိစ္စ သူမကိုမုန်းသံသယဝင်မှန်း ယုသိလိုက်ပြီ။

"မုန်း ဘာပြောချင်တာလဲ"

"ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ခင်ဗျားကလူသတ်စရာလား ပြီးတော့ အရီးတို့အဘတို့ဆိုတာ ကျုပ်ကိုကယ်ထားတဲ့သူတွေ"

သူမကိုအော်ပြောနေသည့် မုန်းကြောင့် ယု လန့်မိသည်။ မုန်း၏ဒေါသကိုယုသိသည်။ မုန်း ဒေါသထံက်လျှင် လူစိတ်လည်းပျောက်တတ်၏။

ယုယပါရစေ..ယုရယ်(complete)Where stories live. Discover now