Episode 17(Zawgyi)

782 28 1
                                    

[Zawgyi]

"အမိက ကျွန်မကိုသိလို့လား"

သူမ ကိုမျက်မှောင်ကြုံ့ရင်း မေးလိုက်သည်မုန်းကြောင့် ယု မျက်ဝန်းလေးများကျယ်လာကာ

"မုန်း မမယုလေ မုန်း ဘာတွေပြောနေတာလဲ"

မုန်းလက်ကို ယုက မလွှတ်တမ်းကိုင်ပြီးပြောနေ၍ ဒေစီကပင်ကြားမှ

"ခ ခန ယု မုန်းက မှတ်ညဏ်ပျောက်နေတာလည်းဖြစ်နိုင်တယ်လေ နင်မလောပါနဲ့ဦး"

ဒေစီ့စကားကိုကြားတော့ ယု၏ မျက်ဝန်းတွင်အလံန်တရာ စိုးရိမ်မှုအရိပ်အယောင်တို့ကပိုလို့ပင်ဖုံးလွှမ်းလာရ၏။

ယု မုန်းလက်ကိုမလွှတ်သည့်အပြင် မုန်းအနားပိုတိုးကပ်လာပြီး

"တကယ်ကြီးလား မုန်း မမကို တကယ်မမှတ်မိတော့တာလားဟင်"

ဒေစီ ယု ကိုတားမည်အလုပ် ယု လက်ကိုဖယ်ထုတ်လိုက်ကာ မုန်းရှေ့မှ ကာရပ်လိုက်သည့် မိန်းကလေးကြောင့် ဒေစီ့မျက်ခုံးနှစ်ဖက်ကအလိုမကျစွာ တွန့်ချိုးသွားရသည်။

"ဒီမှာ အစ်မ အစ်မကဘယ်သူလဲ ဘာလို့ မဟူရာ့ကိုခုလိုအတင်းအကြပ်လုပ်နေတာလဲ"

သူမကို ရန်တွေ့နေသည့် ခင်ခင့်ကို ယု မျက်လုံးစိမ်းတို့ဖြင့် ခပ်စူးစူးကြည့်လိုက်ကာ

"မင်းကဘယ်သူမို့လို့ မုန်းနဲ့တို့ရဲ့ဆက်ဆံရေးကို မင်းကိုပြောပြရမှာလဲ"

ယု၏ အမေးကြောင့် ခင်ခင် ဂုဏ်ယူစွာဖြင့်

"ကျွန်မက သူ့ချစ်သူရှင့်"

"ဘာ"

ယုအသံမှာ ထိုဝန်းကျင်တစ်ခွင်ဟိန်းထွက်သွားလေသည်။ သူမတို့အား ဘေးမှ လူအချို့က စပ်စုသလို ကြည့်နေကြသေး၏။

"မင်း ဘာစကားပြောလိုက်တာလဲ"

ခင်ခင့်အင်္ကျီလည်ပင်းကို ဆုပ်ကိုင်ရင်းမေးနေသော ယု အား မုန်းက အားပြင်းပြင်း ဆောင့်တွန်းလိုက်၍ ဒေစီ နောက်ကနေ ယု ကို ထိန်းပေးလိုက်ကာ

"မုန်း ယုကိုခုလိုမကြမ်းတမ်းပါနဲ့"

"ရှင့်လူက ကျွန်မချစ်သူကိုအရင်လာထိတာလေ"

ယုယပါရစေ..ယုရယ်(complete)Where stories live. Discover now