Episode 14

2.9K 305 28
                                    



"မမယု"

"ဟင် မုန်း"

ဘေးမှခေါ်လိုက်သည့်မုန်း၏အသံကြောင့်ယုကမန်းကတန်းထကာ မုန်းကိုသိုင်းဖက်လိုက်ပြီး

"တော်သေးတာပေါ့ မုန်းရယ် ဒယ်ဒီလေ မုန်းသေပြီဆိုပြီး မမကိုလာပြောနေတာ မမသိတာပေါ့ မုန်းက မမကိုထားခဲ့မှာမဟုတ်ဘူးဆိုတာ"

ဝမ်းသာအားရပြောနေသည့်ယုကို မုန်းကမျက်ရည်များဝေ့ဝဲနေသောမျက်ဝန်းများဖြင့်ကြည့်နေရင်းမှ

"ကျွန်မသွားရတော့မယ် မမယု"

မုန်း၏စကားကြောင့် ယုက အလွန်ထိတ်လန့်သွားပုံပင်။

"ဘာလို့လဲ မုန်းကဘယ်ကိုသွားမှာလဲ မုန်းပြောတော့ မမယုကိုထားမသွားဘူးဆို"

မုန်းက မျက်ရည်များဝဲလျက်

"ကျွန်မလည်းဘယ်သွားချင်မှာလဲ မမယုရယ် မမယုနားမှာအကြာကြီးနေချင်သေးတာပေါ့"

ယု မုန်း၏လက်များကိုမလွှတ်တမ်းဆုပ်ကိုင်ထားမိသည်။

"ဟင့်အင်း မုန်း မမနားမှာနေပါမုန်းရယ် မမဆီကနေထွက်မသွားပါနဲ့နော်"

"ကျွန်မတောင်းပန်ပါတယ်"

"မုန်း မသွားပါနဲ့ မုန်း မုန်း"

မုန်းက သူမ၏နဖူးအားနူးညံ့စွာနမ်းရှိုက်ပြီး သူမလက်ကိုဖြုတ်ကာ တဖြေးဖြေးချင်းပျောက်ကွယ်သွားသဖြင့် ယု အသံကုန်အော်ဟစ်တောင်းပန်နေမိသည်။

"သမီးလေး နိုးပြီလားဟင် သမီး"

နားထဲတိုးဝင်လာသည့် မာမီ့အသံကြောင့် ယု မျက်လုံးအစုံတို့အား အားယူပြီးဖွင့်ကြည့်လိုက်ရာ မြင်လိုက်ရသည့် မျက်နှာကျက်ဖွေးဖွေးတို့က ဆေးရုံရောက်နေကြောင်းသက်သေပင်။

"မာမီ..."

ခပ်ညှင်းညှင်းထွက်လာသောခေါ်သံလေးနှင့်အတူ ယု၏အသွင်ပုံစံမှာလည်းအတော်လေးအားမရှိပုံ။

ဒေါ်မြသက်ကိုတွေ့တော့ ယု ထထိုင်ရန်အလုပ် ဝဲဘက်ရင်အုံရှိဒဏ်ရာမှအတော်လေးနာကျင်လာ၍ လက်ဖြင့်အသာဖိလိုက်ရာ

"တော်သေးတာပေါ့ ယုရယ် ယုပါတစ်ခုခုဖြစ်သွားရင် မာမီဖြေနိုင်မယ်မထင်ဘူး ဘာလို့ ဒီလိုရူးမိုက်ရတာလဲ"

ယုယပါရစေ..ယုရယ်(complete)Where stories live. Discover now