Episode 24(Z+U) end

6.9K 469 10
                                    

[Zawgyi]
၂၄

"မမယု"

ကလေးငယ်တစ်ယောက်၏လက်ကိုဆွဲကာ သူမကိုနောက်မှကြည့်နေသော ယု အား မုန်း တင်းကြပ်စွာပြေးဖက်လိုက်၏။

ယုဟာ သူမကိုပြန်ပြီးမပွေ့ဖက်ပါ။ ရပ်ပြီးတော့သာ ငြိမ်နေလေသည်။ မုန်းကိုကြည့်သော ယု၏အကြည့်သည် ဟိုးယခင်ကလို နူးညံ့ကာချစ်ရည်များရွှမ်းမနေတော့။

"တကယ်မမယုပဲ တကယ်ပဲမမယုရဲ့ကိုယ်သင်းနံ့ ကျွန်မလွမ်းလိုက်ရတာ မမယုရယ်"

မုန်းက အတော်လေးဝမ်းသာအားရ ယု၏လက်တစ်ဖက်ကိုဆုပ်ကိုင်ရင်းပြောနေ၏။ ယုကတော့ တည်တည်ငြိမ်ငြိမ်သာ မုန်းကိုပြုံးတောင်မပြပေ။ မုန်း ဆုပ်ကိုင်ထားသော သူမလက်ကိုလည်းဖြုတ်ချလိုက်ပြီး

"ထပ်နှိပ်စက်ဦးမလို့သတိရနေတာလား"

ယု၏အမေးကြောင့် မုန်း ငိုချင်သွားသည်။ စိတ်မပါတပါ အပြုံးလေးဖြင့်မေးလိုက်သော ယုဟာ မုန်းကိုစိတ်နာနေမှန်းသိသာ၏။

"ကျွန်မမှားသွားပါတယ် မမယုကို ကျွန်မအရမ်းရက်စက်ခဲ့မိတယ်"

ယုက ဟက်ကနဲ ရယ်လေသည်။

"ဪ တောင်းပန်တတ်သေးတာပဲ"

မုန်း ခေါင်းတောင်မဖော်နိုင်ပေ။ ယု ကို ဘယ်လိုထပ်ပြီးတောင်းပန်ရမလဲမသိတော့။ ယု ဟာ သူမကိုသိပ်စိတ်ပျက်သွားပြီဆိုတာတော့သူမသိလိုက်သည်။

မုန်း ကျဆင်းလာသည့်မျက်ရည်စအချို့ကိုသုတ်လိုက်ပြီး ယု ဘေးမှကလေးကို ကြည့်လိုက်ကာ

"ဒီကလေးက..."

"ငါ့သမီး"

ယုထံမှရလိုက်သည့်အဖြေကြောင့် မုန်း အတော်ထိတ်လန့်သွားရသည်။ ယု ကိုပြန်တွေ့လိုက်ရသဖြင့် ပြန်ပိုင်ဆိုင်ဖို့စိတ်အားထက်သန်ခဲ့ပေမဲ့ခုတော့ ယုက ကလေးတောင်ရပြီတဲ့လား။

မုန်း မျက်နှာအမူအယာကို ကြိုးစားထိန်းရင်း

"မုန်းရဲ့တူမလေးပေါ့"

မုန်း ကလေးလေးကိုကြည့်ရင်းပြုံးပြီးပြောလိုက်တော့ ကလေးလေးကမုန်းကိုကြောင်ပြီးကြည့်နေ၏။ ယုကတော့ ကလေးကိုချီလိုက်ကာ

ယုယပါရစေ..ယုရယ်(complete)Where stories live. Discover now