အပိုင်း (၁)
အပေါ်မှာပြောထားခဲ့သလိုပါပဲ
ကျွန်တော့်ရဲ့ essayမှာရေးထားတဲ့အရေးအသားတွေကရေးခိုင်းတဲ့အကြောင်းအရာတွေကနေသွေဖယ်သွားတဲ့အချက်ကစလို့စာရေးတဲ့နေရာမယ် ရသပြောင်မြောက်အောင်မရေးနိုင်တဲ့ အချက်အဆုံး အဲ့ဒီအချက်တွေကပဲ
ကျွန်တော့်ကို essayရေးတဲ့အခါမှာ
အမှတ်နည်းနည်းလေးတွေပဲရစေခဲ့တာပါ
ဒါပေမယ့် ကျွန်တော့်ရဲ့ ဘာသာစုံ အဆင့်တွေဟာ အခြေခံအားဖြင့်တော့ ကောင်းမွန်တယ်လို့ဆိုရမယ့်အဆင့်ထဲမှာပါဝင်ပါတယ်
လွယ်လွယ်ကူကူပြောရမယ်ဆိုရင်တော့ ထိပ်ဆုံး ကျောင်းသားတွေထဲမှာ ပါနိုင်တယ်လို့ကိုဆိုရလောက်တဲ့အထိပါပဲ
ဒါကြောင့်မို့လို့လည်း ကျွန်တော်တို့ ဒုတိယအစမ်းစာမေးပွဲ အတွက်အဆင့်စာရင်းတွေမထွက်ခင်မှာ ကျွန်တော်ကျွန်တော့်သူငယ်ချင်း ဖက်တီးအပြင်ကျန်တဲ့ကျောင်းသားတွေနဲ့ အလောင်းအစားတစ်ခုလုပ်ခဲ့ပါတယ်
အလောင်းအစားကတော့ ဒုတိယစာမေးပွဲအတွက်အဆင့်စာရင်းတွေထွက်ရင်ကျွန်တော်က အဆင့် 1ကနေ အဆင့်15အတွင်းဝင်ရမယ်ဆိုတာပါပဲဒါဟာ ကျွန်တော့်အတွက်တော့ လုံခြုံလှတဲ့
အလောင်းအစားတစ်ခုဖြစ်ခဲ့ပါတယ် ကျွန်တော့်ရဲ့ ညံ့ဖျင်းလှတဲ့ essayအရေးအသားကိုသာမန်အောင်ရုံအမှတ်နဲ့ပဲထည့်တွက်ရင်တောင်မှ ကျွန်တော် အဆင့် 1ကနေ 15အတွင်းကိုအေးအေးဆေးဆေးဝင်ပါတယ်ဒါပေမယ့် ကျွန်တော် essayမယ် ကျခဲ့တဲ့အတွက်ကြောင့် စာမေးပွဲအတွက် အဆင့်စာရင်းတွေထွက်လာတဲ့အခါမှာ
ကျွန်တော့်ရဲ့အဆင့်က 16ကိုကူးပြောင်းသွားပါတယ်
ကျွန်တော် နှုတ်ဆိတ်ဆိတ်နေပြီး နှမြောစွာနဲ့ပဲ ဖက်တီးနဲ့ကျန်တဲ့ကျောင်းသားတွေကို
ကျောင်းသားစားသောက်ဆိုင်ကအရသာအရှိဆုံးနဲ့ ဈေးအကြီးဆုံး ခေါက်ဆွဲကြော်ကို ဝယ်ကျွေးလိုက်ရပါတယ်
လူတိုင်းလူတိုင်းကနှစ်ပန်းကန်စီစားကြတယ် သူတို့ရှေ့မှာရှိတဲ့ပန်းကန်ကခေါက်ဆွဲတွေမကုန်မချင်းစားကြတော့ ကျွန်တော့်ရဲ့တစ်ပတ်စာမုန့်ဖိုး(အဖေနဲ့အမေကကျွန်တော်နဲ့ကျွန်တော့်ညီကို တစ်ပတ်စာမုန့်ဖိုးအမြဲတမ်းပေးတာပါ)
ထဲကတစ်ဝက်လည်းပျောက်သွားပါတော့တယ်