26

52 9 0
                                    

26

ကျွန်တော် ဒီမြို့ကနေ အဝေးကို ထွက်ခွာသွားချင်မိနေတုန်းမှာပဲ
S မြို့ကြီးမှာအခြေတည်ထားတဲ့ ကျွန်တော် အလုပ်လျှောက်ထားတဲ့ နာမည်ကြီးCompanyကနေ ကျွန်တော့်ကိုအလုပ်ခန့်ဖို့စိတ်ဝင်စားပါတယ်ဆိုတဲ့အသိပေးစာ ရောက်လာတယ် ကျွန်တော် အထုပ်အပိုးတွေကိုအမြန်ဆုံးထုပ်ပြီး
Yi chenကို တစ်ချက်ကလေးတောင် အသိမပေးပဲ ထွကိလာခဲ့တယ် ကျွန်တော် မေ့ပစ်ချင်တယ် ဒီကျောင်းကိုရော ဒီမြို့ကိုရော နောက်ပြီးတော့ ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကိုရော

ငါတောင်းပန်ပါတယ် Yi chen...

ဒါပေမယ့် ငါ့မှာ တစ်ခြားရွေးချယ်စရာ မရှိလို့ပါ

S မြို့ကြီးက အထက်စီးဆန်ပြီး ပျင်းရိငြီးငွေ့ဖွယ်ကောင်းတဲ့နေရာတစ်ခု ဖြစ်တယ် ကျွန်တော်က အထက်စီးမဆန်သလို ဒီနေရာမှာမပျော်ပေမယ့် ဒီနေရာက... အထူးသဖြင့် ဒီနေရာကကျွန်တော်တို့ အတိတ်မှာဖြစ်ခဲ့တဲ့ကိစ္စရပ်တွေနဲ့တော့ ဒီကအခြေအနေတွေက အတော်လေးကိုကွာခြားလွန်းလှတယ် ဒါကြောင့်မို့လို့လည်း ကျွန်တော် ဒီမှာဘဝသစ်ကိုစတင်နိုင်မယ်လို့ မျှော်လင့်မိတယ် ကျွန်တော့်အတိတ်ကို ဘာမှမဖြစ်ပဲ ပြီးဆုံးခဲ့သလိုမျိုး ဟန်ဆောင်ပြီး
တိတ်တိတ်ဆိတ်ဆိတ် တစ်ယောက်တညိး နှုတ်ဆိတ်နေလို့ရမယ်  အခုတော့ ကျွန်တော် အတိတ်ကိုပြန်လှည့်မကြည့်ပဲ ရှေ့ဆက်ရမယ့်အနာဂတ်ကို ဆက်ပြီးလျှောက်ဖို့ပဲကျန်တော့တာပေါ့

ဘယ်လောက်ကောင်းလိုက်လဲ

Companyကတစ်ကယ်ကို ကောင်းပါတယ် ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်အများစုက
ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်ကို စိတ်အားထက်သန်စွာနဲ့ အားကြိုးမာန်တက်လုပ်ကိုင်ကြတယ်
ရိုးရိုးသားသားပြောရရင် ဒီလို အောက်ခြေကနေစတင်ရတယ်ဆိုတာက သိပ်တော့မဆိုးပါဘူး
သေသေသပ်သပ်ရှိတဲ့စားပွဲနဲ့ Computerကိုမျက်နှာမူရင်း
အသက်ငယ်ငယ်ချောချော ရုံးက ကောင်မလေးတွေကိုငေးလိုက်  လူတွေဝင်ထွက်သွားလာနေတာကို ကြည့်လိုက်   မန်နေဂျာကြီးမရှိရင် အချင်းချင်းလက်တို့ပြီးစကားစမြည်ပြောလိုက်ကြ ရယ်စရာပါရင် ရယ်လိုက်ကြ အတင်းမည်သော သူတစ်ပါးအကြောင်းအရာတွေကို လုပ်ဖော်ကိုင်ဖက်မမတွေက သယ်လာရင်လည်းနားထောင်ပေးရတာကတစ်မျိုးရယ် ကြာလာတော့
ကျွန်တော့်ရဲ့အဘိဓာန်မှာ နာကျင်မှုဆိုတဲ့စကားလုံးက ကွယ်ပျောက်သွားပြီနဲ့တူပါတယ်လေ

ARTTLWhere stories live. Discover now