30

115 14 3
                                    

30
Ding Dingက ဒေါသထွက်နေတဲ့ မျက်လုံးအစုံနဲ့ ကျွန်တော့်ကို သတ်ဖို့ အဆင်သင့်ဖြစ်နေတဲ့ပုံစံနဲ့ လှမ်းကြည့်တယ် 
"Yi chenလာ အပြင်မယ် စကားခဏပြောရအောင် Zhu sha ရောပဲ သူဌေး ကျွန်တော်တို့ စကားခဏပြောလိုက်ဦးမယ် ခွင့်ပြုပါ"
Ding Dingက Lu fengခေါင်းညိတ်ပြတာကို မစောင့်ပဲ ကျွန်တော်နဲ့ Zhu Shaနဲ့ကို စားသောက်ဆိုင်ရဲ့ထောင့်နားက ပန်းအိုးနားကိုခေါ်လာတယ်
"ဒါကဘာလဲ"
Ding Dingက တစ်အားဒေါသထွက်နေတယ်
"ဘာမှမဟုတ်ဘူး"
"နင်ကသူဌေးကို ငါကနင့်ရည်းစားပါလို့သွားပြောထားတာလား???"
Zhu Shaကသိချင်စိတ်အပြည့်နဲ့ ကျွန်တော့်ကိုမေးလိုက်တယ်
"နင်ငါ့ကိုအရင်ကတည်းကတိတ်တိတ်လေး သဘောကျနေခဲ့တာလား wow ငါဘာလို့မသိခဲ့တာပါလိမ့် နင်ကလည်းနင် အရင်ကတည်းက ပြောထားလိုက်ရင်ပြီးတာပဲကို"
"အဲ့ဒီလိုမဟုတ်ပါဘူးဆို"
တစ်ကယ် တစ်ကယ် ကျွန်တော် အဲ့ဒီနှစ်ကောင်ရဲ့ပါးစပ်ပေါက်ကို ပိတ်ထားလို့ရရင်သိပ်ကောင်းမယ်

Ding Dingက ကျွန်တော့်ကိုရှပ်အကျီင်္ကော်လံကနေဆွဲလိုက်ပြီး ကျွန်တော့်ကိုထိုးမလို့ပြင်လိုက်တယ်
"Cheng Yi chen မင်းက အလကားကောင်ပဲ"
Ding Ding ah ငါအခုချိန်မှာ တစ်အားစိတ်ရှုပ်နေတယ် ငါငိုရမလား ရယ်ရမလားတောင် မသိဘူး
"မင်း ငါ့ကိုယုံပါDing Ding ငါတစ်ကယ် Zhu Shaအပေါ်ကို ဘာခံစားချက်မှမရှိဘူး ငါတစ်ကယ်ပြောတာပါ"
"မင်းကို သူငယ်ချင်းလို့ သတ်မှတ်ခဲ့တာ ငါအတော် ညံ့ခဲ့တာပဲ ငါကတော့ မင်းကိုဖြစ်သမျှ အကြောင်းစုံရင်ဖွင့်ခဲ့တာ မင်းက ငါ့ကို နောက်ကွယ်မှာ ဟားနေခဲ့မှာပေါ့"
Ding Dingက ကျွန်တော့် ကော်လံကို လွှတ်လိုက်ပြီး ပါးစပ်ကနေ တစ်ဗြစိတောက်တောက်ပြောဆိုနေတယ်
Zhu shaကတော့ ကျွန်တော့်ရဲ့ အမှားအတွက်အတော်ကိုပျော်နေပုံရတယ် သူမက ထပ်ပြုံးလိုက်ပြီး
"Yi chen ငါ့ကိုဖွင့်ပြောချင်တယ်ဆိုရင်လည်း အခုကတည်းကပြောထားနော်
ပြောစရာရှိရင် မြန်မြန်ပြောလိုက် နင်တို့နှစ်ယောက်ဆိုရင်တော့ သေချာတယ် ငါနင့်ကိုပဲရွေးမှာ"

ကျွန်တော့်ကိုသာသတ်လိုက်ကြပါတော့လား  :3

"ငါကျိန်တယ် Ding Dingရာ ငါကျိန်ဆိုကျိန်ရဲပါတယ် ကျွန်တော် Cheng Yi chenသည် Zhu shaအပေါ် ခံစားချက်တစ်စုံတစ်ရာရှိခဲ့ပါက ကျွန်တော်-$$;%*6--%%''*&$-/$;$-*$$/"/"  ........."

ARTTLWhere stories live. Discover now