29
"ငါတို့ ထမင်းအတူတူ စားရအောင် Xiao chen"
"နေပါစေ ငါဗိုက်မဆာဘူး"
ကျွန်တော် သူနဲ့အတူ ထမင်းမစားသင့်ဘူး ဟုတ်တယ် စားဖို့မဆိုထားနဲ့ ဒီလိုမျိုး နှစ်ယောက်တည်းအတူတူ ရှိမနေသင့်ဘူး ကျွန်တော် အရင်တုန်းက လုပ်ခဲ့သလိုမျိုး ရူးမိုက်တဲ့အရာတွေကိုနောက်ထပ် မလုပ်မိဖို့ကျွန်တော်ကိုယ့်ကိုကိုယ် အမြဲသတိပေးခဲ့ပေမယ့် ကျွန်တော် Lu fengဘေးရောက်တဲ့အချိန်တိုင်း
ကျွန်တော့်ရဲ့အတွေးတွေက ထွေပြားသွားတာအမှန်ပဲရယ်
ကျွန်တော်......သူ့နဲ့ ခပ်ဝေးဝေးမှာ နေသင့်တယ်နဲ့တူတယ်"မင်းနေ့လည်စာမစားရသေးဘူးမလား ငါနဲ့အတူတူလိုက်ခဲ့ပြီးတော့ နေ့လည်စာလိုက်စားလိုက်စမ်းပါ
အနေရခက်အောင်ဇွတ်အတင်းငြင်းမနေနဲ့ "နာမည်ကြီးစားသောက်ဆိုင်တွေဟာ ရုံးပိတ်ရက်မှာဆို Bookingလုပ်ထားတဲ့ စားပွဲတွေနဲ့ ပြည့်နှက်နေတတ်တယ်ဆိုပေမယ့် Lu fengရဲ့အရှိန်အဝါကြောင့် ကျွန်တော်တို့ စားပွဲတစ်ပွဲရခဲ့တယ်
ကျွန်တော် Lu fengကို တစ်ချက်လှမ်းကြည့်လိုက်တယ် သူက Menuကိုထုံးစံအတိုင်း သက်တောင့်သက်သာစိုက်ကြည့်လို့နေတယ်
"မင်းဘာစားချင်လဲ"
အခုအချိန်မှာတော့ အရင်တစ်ခေါက်ကလို ဘာမှာမှာ ရပါတယ်လို့ ကျွန်တော် မပြောခဲ့ဘူးMenuကိုနှစ်ခေါက်ဖတ်ကြည့်အပြီးမှာတော့ ကျွန်တော် ဒီနေ့ရဲ့ အထူးဟင်းလျာဖြစ်တဲ့ အသီးအရွက်စုံတို့ဖူးစွပ်ပြုတ်တစ်ပွဲမှာလိုက်တယ် ဒါကရိုးရှင်းတဲ့ ဟင်းပွဲတစ်ခုဆိုပေမယ့် ကျွန်တော့်လစာရဲ့သုံးပုံတစ်ပုံလောက်ရှိတဲ့ သူ့ရဲ့တန်ဖိုးက ကျွန်တော့်ကို ခြောက်လှန့်လို့နေတယ်
Menuရဲ့အတွင်းထဲမှာရှိတဲ့ အသားပွဲဟင်းတွေကိုမှာဖို့ဆိုတာကတော့ ကျွန်တော့်အတွက် အိပ်မက်တောင်မမက်သင့်တဲ့ အရာတစ်ခုပဲLu fengက ကျွန်တော့်ဘက်ကို တစ်ချက်ကြည့်ပြီး အရာအားလုံးကို သူနားလည်ဟန်နဲ့ တစ်ချက်ပြုံးလိုက်တယ်
"ငါမင်းကိုမရှင်းခိုင်းပါဘူး မင်း ဘာတွေကိုကြောက်နေတာလဲ မင်းကတော့လေ အရင်တုန်းကအတိုင်းပဲ တစ်စက်ကလေးမှမပြောင်းလဲဘူး ငါထင်ပါတယ် မင်းရဲ့ဒီအကျင့်က နောက်နှစ်တစ်ရာကြာရင်တောင်မှ ပြောင်းမှာမဟုတ်ဘူး ဟုတ်တယ်မလား"