အပိုင်း(၁၉)
အရက်မူးနေတဲ့ အမျိုးသမီးငယ်လေးတွေပဲ နှောင့်ယှက်ခံရလိမ့်မယ်လို့ ကျွန်တော်တွေးခဲ့ဖူးတယ် ဒါပေမယ့် လူတွေကလည်း မသိမသာ ပြောင်းလဲလာကြပြီ အခုခေတ် လူမိုက်တွေက မူးနေတဲ့ လူငယ်တစ်ယောက်ကိုတောင် အလွတ်မပေးကြဘူး ဘီယာသောက်နေတဲ့ ကျွန်တော့်ဘေးနားမယ် လူတွေအများကြီး ဝိုင်းပြီးထိုင်လိုက်ကတည်းက ကျွန်တော်သိလိုက်တယ် တစ်ခုခုတော့မှားနေပြီဆိုတာ ဒါပေမယ့်လည်း ကျွန်တော် ဒီနေ့တော့ Limitထက်ကျော်ထားလို့ ခပ်ထွေထွေတောင် မဟုတ်ပဲ တော်တော်မူးနေလို့ ကျွန်တော့်ရဲ့ အပြုအမူတွေအားလုံးက စိတ်သွားတိုင်းကိုယ်မပါ ခပ်နှေးနှေးရယ် ခေါင်းက စားပွဲပေါ်ကနေထောင်ဖို့ကို မနည်း လုပ်ယူနေရတယ် :3
ခြေထောက်ပေါ်ကို မတ်တပ်ရပ်နိုင်ဖို့ဆိုတာဝေးလာဝေး"မင်း.........မင်းတို့ ဘာလုပ်တာလဲ"
အရက်က ကျွန်တော့်ကို စိတ်မလှုပ်ရှားစေပေမယ့် စကားကို ထစ်ငေါ့ထစ်ငေါ့နဲ့ အာလေးလျှာလေး ဖြစ်စေတယ် ကျွန်တော်မူးနေရင်
ကျွန်တော့်မျက်နှာက ခရမ်းချဉ်သီးလို နီရဲမနေပဲ ပါးပဲနည်းနည်းနီနေလောက်တယ်"wow မင်းမှာထားတာက တစ်ကယ်ကောင်းတာပဲ ငါတို့လည်း မင်းနဲ့အတူထိုင်ပြီးသောက်ဦးမယ်လေကွ"
အဲ့ဒီအဖွဲ့ထဲကလူတစ်ယောက်ရဲ့ လက်က ကျွန်တော့်ခါးပေါ်မှာ နောက်တစ်ယောက်ရဲ့လက်က ကျွန်တော့်ရင်ဘတ်ပေါ်မှာ
"မ...ဟုတ်ဘူး...မလုပ်...မလုပ်နဲ့ဆို"
ကျွန်တော့်စကားသံက ပိုပြီး ထစ်အထစ်အဖြစ်လာတယ် အဲ့ဒီလက်တွေကကျွန်တော့်ခန္တာကိုယ်ကို ဟိုပွတ်ဒီပွတ်လုပ်နေဆဲပဲ ကျွန်တော် ရုန်းချင်ပေမယ့်လည်း ရုန်းလို့မရ
"မင်း...တို့...လက်ကို...""မင်းတစ်ယောက်တည်းအထီးကျန်နေတယ် ဟုတ်တယ်မလား ငါတို့က ပျော်အောင်လုပ်ပေးမှာပါ"
"ငါ...မလို...ချင်ဘူး"
ကျွန်တော့်ရဲ့ ဒယိမ်းဒယိုင် လက်သေးသေးလေးနှစ်ဖက်က လက်ခြောက်ဖက်ကို ဘယ်လိုများ နိုင်နိုင်ပါ့မလဲ ကျွန်တော် လန့်လွန်းလို့ ချွေးတွေတောင် ထွကိလာပြီကျွန်တော့်ရဲ့တုံ့ပြန်ပုံ နှေးကွေးတာကို မြင်လိုက်ရတဲ့အခါ
သူတို့တွေက ပိုပြီးတော့ ရဲတင်းလာကြပြီး ကျွန်တော့်အနားကို ပိုတိုးလာကြတယ် တစ်ယောက်က ကျွန်တော့်မျက်နှာကို ထိလိုက်တယ်
"ဒါကဘာလဲ မင်းကငိုတော့မလို့လား
ဒီမှာ ငါမင်းကို တိုက်မလို့ပါဆိုကွာ"
"မဟုတ်......"
ကျွန်တော် ခေါင်းကိုခါရင်း ကျွန်တော့် ပါးစပ်နားရောက်လာတဲ့ ခွက်ထဲက အရည်တွေကို ငြင်းနေမိတယ်