25

43 6 0
                                    

25
"မင်းနိုးလာပြီလား???ငါမင်းဖို့ ကော်ဖီဖျော်ထားတယ် မင်းသောက်ဦးမလား ???"
ကျွန်တော်စိတ်ရှုပ်ထွေးစွာနဲ့ပဲ မျက်လုံးတွေကိုပွတ်သပ်ရင်း ဝိုးတိုးဝါးတားမြင်နေရတဲ့ ကျွန်တော့်ရှေ့ကဗန်းကိုင်ထားတဲ့လူကို ကြည့်လိုက်တယ်
"အားးးးးးး..............."
ကျွန်တော် သူ့ကိုကြောက်ရွံ့စွာနဲ့ လက်ညှိုးနဲ့ရွယ်ရင်းထခုန်မိလိုက်တယ်
"မင်း......မင်း......မင်း ဒီမှာဘာလုပ်နေတာလဲ???"

ကျွန်တော့်ရဲ့အော်သံကြောင့် Shen Chaoကလန့်သွားပုံပဲ သူ့ကိုယ်သူဗန်းကလေးနဲ့ အလျင်အမြန်ပြန်ကာလိုက်ရင်း
"ငါ.........ငါ့ကို Qin Langက ဖုန်းဆက်ပြီးခေါ်လို့ ပြီးတော့ သူက မင်းကိုဂရုစိုက်ပေးလ်ုက်ပါဦးဆိုလို့
Hey ငါမင်းကိုဘာမှမလုပ်ဘူးနော် ထူးထူးဆန်းဆန်းတွေ လျှောက်တွေးမနေနဲ့ "
"ငါ...ဘာမှမဝတ်ရသေးဘူး :{ "
ဟာ ဒီ Qin Langကတော့ တစ်ခြားတစ်ယောက်ယောက်မလာခင် ကျွန်တော့်ကိုနည်းနည်းပါးပါး တစ်ခုခုနဲ့တော့ ခြုံသွားပေးသင့်တာမဟုတ်ဘူးလား

"ဘာဖြစ်လို့လဲ???"
Shen Chaoကကြောင်ကြည့်နေတယ်
"ငါကလည်းယောကျာ်းတစ်ယောက်ပဲလေ"
Shen Chaoကို ကျွန်တော် တစ်ကယ်နားမလည်နိုင်ဘူး တော်ပြီ ကျွန်တော် သူနဲ့စကားဆက်မပြောတော့ဘူး
ကျွန်တော် ဘောင်းဘီကို ကမန်းကတန်းကောက်စွပ်လိုက်တယ် အာ ဒီအရူးကောင်က တစ်ကယ်ကြီးစိုက်ကြည့်နေခဲ့တာပဲ
ကျွန်တော်ဘောင်းဘီဝတ်နေတဲ့အချိန်တစ်လျှောက်လုံးကို ရိုးရိုးသားသား သိချင်စိတ်တွေပြည့်နေတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေခဲ့တာ ဘယ်လောက်စိတ်ပျက်ချင်စရာကောင်းလိုက်လဲဆိုတာ

"Qin Langက ဘယ်မှာလဲ???"
ကျွန်တော် သူ့ကိုတွေ့တာနဲ့ လက်သီးနဲ့ထိုးပစ်မယ်
"Qin Lang??? Qin Langက သူ့အိမ်မှာ အရေးတကြီးလုပ်စရာကိစ္စ ပေါ်လာလို့တဲ့ အဲ့ဒါကြောင့် သူက
ငါ့ကိုမင်းကိုစောင့်ရှောက်ခိုင်းထားခဲ့တာ"
အင်း အခုအချိန်မှာ သူ့ကိုမမြင်ရတာက နည်းနည်းတော့ ကျွန်တော့်အတွက် အဆင်မပြေဘူးရယ်
"မင်း တစ်ငုံလောက်တောင် မသောက်တော့ဘူးလား???"
Shen Chaoကဇွဲမလျှော့ပဲ ကျွန်တော့်ရှေ့ကို သူ့လက်ထဲက လင်ဗန်းကိုထိုးပေးတယ်
"ကျေးဇူးပဲ"
လင်ဗန်းပေါ်က ကော်ဖီခွက်ထဲက ကော်ဖီရဲ့အရောင်က ထူးခြားနေတယ် ကြည့်ရတာ သူကော်ဖီအမျိုးအစားအသစ်ကို တီထွင်ထားတာနဲ့တူတယ်
"......ဒါပေမယ့် ငါအိမ်ကိုအရင်ပြန်တာ ပိုကောင်းမယ်ထင်တယ်......"

ARTTLWhere stories live. Discover now