အပိုင်း(၁၈)
ကျွန်တော် စိတ်ပျက်လက်ပျက်နဲ့ပဲ ထိုင်ချမိလိုက်တယ် လူတွေက ဟိုသွား ဒီသွားနဲ့ပဲ သူတို့လုပ်စရာရှိတာတွေကို ဆက်လုပ်နေကြတယ် ကျွန်တော်သာ"Ge"
ကျွန်တော့်ပခုံးကိုလှုပ်ကိုင်လိုက်တဲ့သူကြောင့် ကျွန်တော်မော့ကြည့်လိုက်တော့ Yi chen
ကျွန်တော် ဘာမှမတွေးနိုင်ပဲနဲ့ Yi chenကိုဖက်ရင်းငိုနေမိတယ်
Yi chenက ကျွန်တော့်ကို ပြန်ဖက်ထားတယ် သူ့ရင်ခွင်ထဲမယ် ကျွန်တော့်ရဲ့မျက်ရည်တွေစိုရွှဲနေတဲ့မျက်နှာကိုအပ်ထားလိုက်တယ်
"အိမ်ပြန်ရအောင်"
ကျွန်တော် Yi chenကို ခပ်တင်းတင်း ဖက်ထားလိုက်တယ် Yi chenက ကျွန်တော်နဲ့Lu fengရဲ့ ဆက်ဆံရေးကို နားမလည်ဘူး ဒါပေမယ့် အရင်ကလိုပဲ သူကျွန်တော့်ကို ချစ်နေသေးတာပဲနောက်ဆုံးမှာတော့ ကျွန်တော် ကျောင်းအသစ်ကိုပြောင်းခဲ့ရတယ်
ဘာပဲဖြစ်ဖြစ် ယောကျာ်းလေးတွေက ကျွန်တော့်ကိုမြင်ရင် အထူးသဖြင့် သန့်စင်ခန်းနဲ့ရေချိုးခန်းတွေမှာ ကျွန်တော့်ကိုမြင်ရင်အထိတ်တလန့်
ပုန်းကြတယ် ဒါဟာ သူတို့ တမင် ပုံကြီးချဲ့တာပဲ ကျွန်တော့်ကို တစ်ခါလောက်မြင်လိုက်တာနဲ့ ချက်ချင်းကိုပဲ အကုန်ပျောက်ကုန်တာ
သူတို့အားလုံးက ကျွန်တော် သူတို့ကို သဘောကျမယ်လို့ ထင်နေပြီး အဲ့ဒါကို သေမလို ကြောက်နေကြတယ် ဒ်ီလိုမျိုး အမြဲတမ်းဖြစ်နေတဲ့အခါတိုင်း ကျွန်တော် တိတ်တဆိတ်ပဲ သူတို့ကို လှောင်ရယ်မိတယ် Homoတစ်ယောက်ဆိုတာ မြင်သမျှယောကျာ်းကို လိုက်သဘောကျနေတာမျိုးမှ မဟုတ်တာ အဲ့ဒီလိုလူမျိုးတွေကို မြင်ရတာ တော်တော် စိတ်ပျက်ချင်စရာကောင်းတယ်
အကယ်၍များ သူတို့က ကျွန်တော့်ကို သဘောကျခဲ့ရင်တောင်မှ ကျွန်တော် သူတို့ကို စိတ်ကူးထဲတောင် မထည့်ဘူး သူတို့က ကျွန်တော့်ကို ငုံ့ကြည့်မယ်ဆို ကျွန်တော်ကလည်း သူတို့ကို မော့လို့တောင်မကြည့်ဘူး :3ကျွန်တော် ဒီအချိန်မှာ ကျောင်းမပြောင်းဘူးဆို အားလုံးက ကို့ရို့ကားယား ဖြစ်ကြမှာ အသေအချာပဲ
ကျွန်တော် နောက်ထပ် ခပ်ဝေးဝေး
ကျောင်းတစ်ကျောင်းကိုပြောင်းခဲ့တယ် ကျွန်တော့်ရဲ့ ဝင်ခွင့်ရမှတ်က အဲ့ဒီမှာ သိပ်မကောင်းခဲ့ပေမယ့် ကျွန်တော် အဲ့ဒီကျောင်းမှာ နေသင့်ခဲ့တဲ့ ပထမဆုံးနဲ့ တစ်ခုတည်းသော အချက်ကတော့ ကျွန်တော့်ကို အဲ့ဒီမှာ ဘယ်သူမှမသိဘူး ဒါကြောင့်မို့လည်း
ကျွန်တော် စိတ်ညစ် စိတ်ရှုပ်စရာ မလိုဘူး အိမ်ရဲ့အခြေအနေကတော့ အေးစက်ဆဲအေးစက်လျက်ပါပဲ
ဒါ့အပြင် ကျွန်တော် အပြင်မှာ နေနေရတာတောင်မှ အဖေနဲ့အမေက ကျွန်တော့်ကို ဖုန်းမခေါ်သလို စာနဲ့လည်းမဆက်သွယ်ဘူး
Yi chenတစ်ယောက်တည်းသာ ဖုန်းခိုးခေါ်ပြီး စာခိုးပို့တာ