23
Qin Langက အတော်ကောင်းတဲ့ ချစ်သူတစ်ယောက်ပဲ ကျွန်တော် ဘယ်သစ်သီးဝိုင်တံဆိပ်ကို ကြိုက်နှစ်သက်မှန်း သူအလွယ်တကူ ပြောနိုင်တယ် အမဲသားနဲ့တွဲစားဖို့ဆို ဘယ်ဆော့စ်က်ုကျွန်တော်သဘောကျလဲဆိုတာ သူအလိုလိုသိတယ်
ကျွန်တော်ဘယ်လိုရှုးဖိနပ်ကို သဘောကျလဲဆိုတာကို သူသိတယ်
ဘယ်လိုသီချင်းအမျိုးအစားတွေကို ကျွန်တော်နားထောင်ဖြစ်နေတယ်ဆိုတာအထိကိုသူသိတယ် ကျွန်တော် ကိုရီးယား gameတွေနဲ့ ဂျပန်က animationတွေကို သဘောကျတယ်ဆိုတာကိုရော အအေးဒဏ်နဲ့ရေဓာတ်ခန်းခြောက်တာကိုသေမလောက်ကြောက်တယ်ဆိုတာကိုရော အစာအိမ်ရောဂါရှိတယ်ဆိုတာကိုရော သူသိတယ် သူ့ဘေးနားမှာဆို
ကျွန်တော် အအေးမမိဘူး
ရေဓာတ်လည်းမခန်းခြောက်ဘူး အစာအိမ်ရောဂါကနာကျင်မှုလည်းမခံစားရဘူး .........အင်း............သူသာ ကျွန်တော့်ဘေးမှာရှိရင်ပေါ့ပြီးတော့ သူ့အိမ်မှာဆို ကျွန်တော် အကြိုက်ဆုံးအဆိုတော်တစ်ယောက် ဖြစ်တဲ့ B'zရဲ့အခွေကိုအမြဲနားထောင်ရတယ်
2002ခုနှစ်မှာရောင်းချခဲ့တဲ့ အင်မတန် ဈေးကြီးတဲ့ DVD boxပါ အပါအဝင်ပေါ့ သူက ကျွန်တော့်ကို တော်တော်ဂရုစိုက်တာပဲ
ကျွန်တော်သူ့ကိုဒီလောက်အချိန်တိုလေးနဲ့ချစ်ခဲ့မိတာဟာ အရင်ကတည်းက ကျွန်တော်သူ့ကို သဘောကျနေတာကြောင့်ဖြစ်လိမ့်မယ်ကျွန်တော် Qin Langရဲ့မွေးနေ့ပွဲကို မတက်ဘူးလို့ဆုံးဖြတ်ခဲ့တယ် စဉ်းစားကြည့်စမ်းပါ ကျွန်တော့်လိုလူတစ်ယောက်က
အစာအိမ်ထဲ အစာမရှိပဲကော့တေးတစ်ခွက်ကိုကိုင် ဟိုနားဒီနားပတ်သွား ပြီးရင် ဟိုလူဒီလူ သိသူမသိသူမှန်သမျှ အပြုံးအတုတွေနဲ့ အကုန်လိုက်နှုတ်ဆက် ပြီးရင် သိသိမသိသိ ကိုယ်စိတ်ဝင်စားစား မဝင်စားစား စကားဖောင်ဖွဲ့ပြော ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ
အခုခေတ် မွေးနေ့ပွဲတွေကလည်း အဲ့ဒီလိုပုံစံပဲ အများစုက ကျင်းပကြတာလေ Barတစ်ခုလုံးငှားမယ် သီချင်းဖွင့်မယ်သူတစ်ယောက်ခေါ်မယ် အရင်းနှီးဆုံးသူငယ်ချင်းတွေကိုပဲ မွေးနေ့ပွဲကိုဖိတ်မယ် ပြီးရင်သီချင်းတွေဖွင့်ပြီး ညလုံးပေါက်
ကဲကြမယ် ထိန်းချုပ်ထားရတဲ့ စိတ်တွေကို လွှတ်ပေးလိုက်ကြမယ်
အင်း အဲ့ဒီလိုမျိုးပေါ့ ဒါပေမယ့်လည်း ကျွန်တော် အခုရောက်နေရတာပါပဲ