အပိုင်း (၄)
မူလတန်းကျောင်းသားလေးတွေ ရေးတဲ့ စာစီစာကုံးတွေထဲမယ်
အများဆုံးတွေ့ရတဲ့အတိုင်းပါပဲ
သင်ခန်းစာတွေမသင်ရသေးခင်
အချိန်တွေနဲ့သင်ပြီးတဲ့အချိန်တွေမှာ
ဒဏ်ရာရတဲ့ကျောင်းသားကို ကူညီိဖို့
ကျောင်းသားကောင်းတစ်ယောက်ကအမြဲရှိနေတယ်လေ နေပူသည်ဖြစ်စေ
မိုးရွာသည်ဖြစ်စေ ဒဏ်ရာရတဲ့ကျောင်းသားကိုကုန်းပိုး
ထားရင်းနဲ့ပေါ့
အဲ့ဒီလိုမျိုး ကျွန်တော့်ကိုကူညီပေးတဲ့
ကျောင်းသားကတော့ Lu fengပေါ့အစမှာတော့ သူကျွန်တော့်ကို ကုန်းပိုးမလို့လုပ်ခဲ့တဲ့အချိန်တွေဆို ကျွန်တော်ငြင်းခဲ့တယ်
ရေခဲစကိတ်ပေါ်လဲပြီး ခြေကျင်းဝတ် အဆစ်လွဲသွားတယ်ဆိုတာ ဂုဏ်ယူဖို့ကောင်းတာမျိုးမဟုတ်ဘူးလေ ဒါကြောင့်မို့လည်းကျွန်တော် သူ့
ကိုကုန်းမပိုးခိုင်းချင်တာ သူ့ကျောပေါ်ကို ဂုဏ်ယူစွာနဲ့တက်ပြီး
ကျောင်းသားတွေကြားထဲမဖြတ်ချင်ဘူး
Lu fengက
အရပ်တော်တော်ရှည်တယ်ဆိုပေမယ့်ကျွန်တော်သူ့ကိုမှီပြီး
လမ်းလျှောက်နိုင်ပါသေးတယ်
သူကျွန်တော့်ကိုခေါ်သွားမယ့်နေရာတိုင်းဆီကိုပေါ့
ဒါပေမယ့် အခုကစာသင်နှစ်ကုန်နား
ရောက်နေပြီ ပြီးတော့ ဆရာတွေသင်မယ့်ဟာတွေက အရေးပါတဲ့အရာတွေချည်းပဲ
ဒါကြောင့်မို့လို့လည်း အခန်းထဲရောက်ဖို့ကျွန်တော် ဘာမဆိုလုပ်ရလိမ့်မယ် အခန်းထဲထိတွားသွားဆိုရင်လည်း
ကျွန်တော်တွားသွားရမှာပဲရယ်
ရုတ်တရက် Lu fengကကျွန်တော့်ကို
အထုပ်လေးတစ်ထုပ်ကိုကောက်သလို ကောက်ချီလိုက်တယ် ကျွန်တော့်လက်တွေကအလန့်တကြား သူ့လည်ပင်းတွေကိုဖက်တွယ်လို့
သူ့ရင်ခွင်ထဲခေါင်းကိုတိုးဝင်လို့ သူ့မျက်နှာကိုမော့ကြည့်မိတော့
မျက်နှာချောချောမှာ အပြုံးတစ်ခုကဖြစ်
ထွန်းနေလေရဲ့
အဆောင်နဲ့စာသင်ခန်းကသိပ်တော့မဝေးဘူးဒါပေမယ့်လမ်းတစ်လျှောက်မှာကလှေကားထစ်တွေအများကြီးပဲရယ်
သူ့အိမ်မယ် သခင်လေး သခင်လေး ဆိုပြီးနေခဲ့ရတဲ့ Lufengကကျွန်တော့်ကို ချီထားရတယ်
သူကတော့သူကျွန်တော့်ကိုချီသွားရတို်င်းကြမ်းကြမ်းတမ်းတမ်းဆက်ဆံဆဲပဲ များသောအားဖြင့်အိပ်ရာပေါ်ကို ကျွန်တော့်ကိုခပ်ကြမ်းကြမ်း
ပစ်ချလိုက်တာမျိုး ပြီးတော့ ကျွန်တော့်
ဒဏ်ရာကိုနာအောင်လုပ်ပြီး ကျွန်တော်ငိုအောင်လုပ်တာမျိုး လှေကားတွေတက်တိုင်း ကျွန်တော့်ခြေထောက်ကိုနံရံနဲ့ထိခိုက်မိအောင်လုပ်တာမျိုးပေါ့