အပိုင်း(၁၅)
အခုအချိန်မှာ ပြောရမယ်ဆိုရင်တော့
ကျွန်တော်တို့ ရန်မဖြစ်တော့ပါဘူး ကျွန်တော်တို့ ပြန်ချစ်နေကြပါပြီ
ဒီပြသနာကြောင့် ကျွန်တော်တို့သိလာတာက ကျွန်တော်တို့အသက်အရွယ်နဲ့ ဒီအချစ်ကြောင့်ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲခံစားချက်တွေကို တွေးတောမနေသင့်ဘူး ဒီလိုတွေးတောနေလို့ပဲ ကျွန်တော်တို့ အချိန်မရွေး မတည်ငြိမ်ပဲ စိုးရိမ်မှုကိုခံစားနေရတာလေ ကျွန်တော်တို့ ဒီrelationship တစ်ခုကို နောက်ပိုင်းဘယ်လို ထိန်းသိမ်းရမယ်ဆိုတာကိုတောင် မသိဘူး ကျွန်တော်တို့ လုပ်နိုင်တာ အားလုံးကိုတော့ လုပ်ခဲ့ပြီးပြီ Sexကိစ္စပါ အပါအဝင်ပေါ့ ဒါပေမယ့် ကျွန်တော်တို့ရှေ့ဆက်ဖို့အတွက်
ကတိသစ္စာတစ်ခုလိုအပ်နေသေးတယ် အဲ့ဒီကတိသစ္စာက စိတ်ကူးယဉ်သက်သက်အရာတစ်ခုဖြစ်ခဲ့ရင်တောင်မှ ကျွန်တော်တို့အတွက်တော့ စိတ်သက်တောင့်သက်သာရှိစေတာပေါ့ကျွန်တော်တို့ကို Englishစာသင်တဲ့ ဆရာမက ခရစ်ယာန်တစ်ယောက်ဖြစ်လို့ သူမရဲ့လက်ထပ်ပွဲကို ကျွန်တော်တို့ကျောင်းနားလေးက နှစ်ခြင်းဘုရားကျောင်း(Church)မယ် ကျင်းပတယ် ကျောင်းသားတွေအားလုံးက မီးကဲ့သို့ရဲရဲတောက်လှတဲ့ ဆရာမကို သတို့သမီးဝတ်စုံနဲ့မြင်ရဖို့နဲ့ ဆရာမက မင်္ဂလာလမ်းပေါ်မှာ ရှက်သွေးဖြာပြီး လျှောက်လှမ်းလာပုံကို မြင်ရဖို့ အတော်လေးကို စိတ်အားထက်သန်နေကြတယ်
မင်္ဂလာပွဲကို မြင်ချင်လှတဲ့ များပြားလှသော ကျောင်းသားအုပ်ကြောင့် ဘုရားကျောင်းထဲမယ် လူတွေဟာ ပြည့်ကျပ်လို့နေတယ် Lu fengက ကျွန်တော့်အတွက် နေရာတစ်နေရာကို မင်္ဂလာပွဲအကြို စီစဉ်ကြတုန်းက ဦးယူခဲ့တာမို့ ကျွန်တော်တို့ တံခါးဘေးမှာ မတ်တပ်ရပ်လျက်နဲ့ပဲ မင်္ဂလာပွဲကိုကြည့်နေရတယ်ကျွန်တော်တို့နှစ်ယောက် နောက်မှာရပ်နေတဲ့ လူတွေက မင်္ဂလာပွဲကို အာရုံရောက်နေကြတုန်း
Lu fengက ကျွန်တော့်လက်ကို တိတ်တခိုး လှမ်းဆွဲကိုင်လိုက်တယ်
ကျွန်တော်တို့ လက်ကိုကိုင်ထားတိုင်းမှာ ကျွန်တော်တို့လက်ချောင်းတွေကို သော့နဲ့သော့ခလောက် ပုံစံမျိုးလေး ချိတ်ထားတယ် တစ်ယောက် လက်ဖဝါးထဲ တစ်ယောက်လက်က အံကျနေရင်းနဲ့ပေါ့