အပိုင်း(၁၆)
ရုတ်တရက် ဓာတ်မီးရောင်က ကျွန်တော်တို့ကို ထိုးလိုက်ချိန်မယ်
Lu fengက ကျွန်တော့်ကို သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်တယ်
ပြီးတော့...............
"ဒီမှာ နောက်ထပ်စုံတွဲတစ်တွဲဟေ့"
ကျောင်းစည်းကမ်းထိန်းသိမ်းရေးမှူးကြီးက သူ့ကိုယ်သူကျေနပ်နေတဲ့ပုံနဲ့လှမ်းပြောလိုက်တယ်
"ဘယ်လောက်တောင် ရက်စက်လိုက်လဲ ဟမ် ဒီခေတ် အထက်တန်းကျောင်းသားတွေဟာလေ ကျောင်းကိုလာတာ စာသင်ဖို့အစား ရည်းစားထားဖို့လာတယ်များ မှတ်နေလားမသိပါဘူး မင်းတို့တွေ
ကျောင်းကိုဘာလုပ်ဖို့လာတာလဲဟမ်"ကျွန်တော့်ရင်တွေ တစ်ဒိန်းဒိန်းနဲ့ ခုန်နေတယ် ကျွန်တော့်ခြေထောက်တွေ လက်တွေ ကလည်းအေးစက်လို့
"Lu feng မင်းလက်ကိုဖယ် အခုမှ ကွယ်နေလို့လည်း ဘာမှ အသုံးမဝင်ဘူး မင်းဒီအတိုင်း ဆက်နေနေလို့ကတော့ နောက်ဆုံးမှာ နှစ်ယောက်လုံး မိဘတွေဆီ အတိုင်ခံရလိမ့်မယ်"
Lu fengက ကျွန်တော့်မျက်နှာကို ကာပေးဖို့ကိုဆက်လက်ကြိုးစားနေတုန်းပဲ
"ဒါကသူ့အပြစ်မဟူတ်ဘူး ကျွန်တော်က သူ့ကိုဒီလိုလုပ်ဖို့ တွန်းအားပေးခဲ့တာ ကျွန်တော့်ကိုပဲ အပြစ်ပေးလိုက်ပါ"တရုတ်ဘာသာစကားမယ် 'သူ'နဲ့ 'သူမ' အဲ့ဒီစကားလုံးနှစ်လုံးဟာ အံ့သြဖွယ်ကောင်းလောက်အောက်ကို အသံထွက်ဆင်နေတယ်
ကျောင်းစည်းကမ်းထိန်းသိမ်းရေးမှူးက ပိုပြီးဒေါသထွက်လာတယ်
"မင်းကဘာလို့ သူရဲကောင်းလို လုပ်နေတာလဲ? အဲ့ဒီက မိန်းကလေးကျောင်းသူ ထွက်လာခဲ့
အထက်တန်းကျောင်းသား ကျောင်းသူအချင်းချင်း ရည်းစားထားခွင့်မရှိပါဘူးလို့ ငါဘယ်နှစ်ခါပြောရမလဲ ထွက်ခဲ့စမ်း အခု"
Lu fengက ခေါင်းမာမာနဲ့ပဲ ကျွန်တော့်ကို သူ့လက်မောင်းတွေနဲ့ အကာအကွယ်ပေးထားတယ်
သူ့အသက်သေတဲ့ထိ ကျွန်တော့်ကို ကာကွယ်ပေးသွားမယ်လို့ ထင်ရတဲ့ Lu fengရဲ့ပုံစံက ကျွန်တော့်ကို ကြောက်ရွံ့စေတယ်
ရုတ်တရက်ကျွန်တော့်ရဲ့မျက်နှာပေါ်ကို ဓာတ်မီးနှစ်လက်ရဲ့အလင်းရောင်စူးစူးတွေ ကျရောက်လာတာမို့ ကျွန်တော် မျက်လုံးကိုမှိတ်ရင်း လက်နဲ့ကာလိုက်မိတယ်
ပူညံပူညံပြောနေတဲ့ ကျောင်းစည်းကမ်းထိန်းသိမ်းရေးမှူးကြီး တိတ်ဆိတ်သွားတယ် အဖြစ်အပျက်တွေက အစောနကအခြေအနေနဲ့ လုံးဝမတူပဲ တိတ်ဆိတ်လို့နေတယ်