အပိုင်း (၉)
"အစ်မရဲ့ အရူးမောင်က သူများရည်းစားကိုသွားခိုးလို့တဲ့လေ
သူ့မှာဒဏ်ရာတွေနဲ့ နောက်ပြီးဓားထိုးလည်းခံထားရတယ် သူသေပြီလားမသေသေးဘူးလားမသိပေမယ့် သူ့ကိုတစ်ချက်လောက်သွားကြည့်ပေးပါလား အစ်မကသွားစရာရှိလို့ပါ"ကျွန်တော်ပထမဆုံးတွေးမိတာကသူကျွန်တော့်ကိုလာနောက်နေတာနေမှာ
"ဘယ်လို အစ်မဘာကိုဆိုလိုချင်တာလဲ"
"Lu fengလေ အစ်မမောင် အဲ့ဒီအရူးကောင်က လူတစ်ယောက်နဲ့ရန်ဖြစ်ပြီးတော့ဓားထိုးခံလိုက်ရတာ သူဒီကျောင်းဘေးကဟိုတယ်က အခန်းတစ်ခုထဲမှာနေနေတယ် ထပ်ပြီးတော့ ရန်ဖြစ်ရမှာစိုးလို့တဲ့
သူ့ကိုဆေးရုံသွားဖို့ပြောတော့လည်း
မသွားချင်ဘူးတဲ့ အဆောင်ကိုသွားဖို့ပြောတော့လည်း မသွားချင်ဘူးပဲပြောနေတယ် အစ်မမှာလည်းအဖေခိုင်းထားလို့သွားစရာတွေကစုပြုံနေလို့ အချိန်ကလုံးဝမရှိလို့ပါ သွားစရာတွေဖျက်လိုက်ရင်လည်းသူရန်ဖြစ်မှန်းအဖေကသိပြီး သူ့ကိုအသေသတ်မှာမို့လို့ပါ သူ့ကိုတစ်ချက်လောက်သွားကြည့်ပြီး ဂရုစိုက်ပေးပါ ငါ့မောင်ရယ်"ကျွန်တော် Xiao Shanကိုကျွန်တော့်အတွက်ခွင့်တိုင်ထားဖို့ပြောပြီး ဘာမှကိုမရှင်းပြနိုင်ပဲ ပိုက်ဆံအိတ်ကိုကိုင်ကာ သူ့အစ်မပြောတဲ့ဟိုတယ်ကိုအမြန်ပြေးထွက်လာလိုက်တယ်
Lu fengနဲ့ကျွန်တော်နဲ့က အဲ့ဒီဟိုတယ်ကိုခဏခဏရောက်ဖူးတယ် တစ်ခုခုအတွက်ပွဲကျင်းပစရာရှိရင် ဥပမာပြောရရင် ကျွန်တော် တရုတ်ဘာသာမယ် အမှတ်အများဆုံးနဲ့ ပထမရတုန်းက Lu fengရဲ့ အဖေကပိုက်ဆံနည်းနည်း ပို့ပေးတယ် ပြီးတော့ ကျွန်တော်တို့ကအဲ့ဒီပိုက်ဆံနဲ့ မုန့်တွေဝိုင်တွေဝယ်ပြီး အဲ့ဒီဟိုတယ်ကို သွားကြတယ် အခန်းတစ်ခန်းငှားရင်း ဝိုင်သောက်လိုက် မုန့်စားလိုက် စကားပြောလိုက်နဲ့ ကျွန်တော်တို့အချိန်တွေကိုကုန်ဆုံးကြတယ်
ဒါကြောင့်လည်း ကျွန်တော်တို့နဲ့ အဲ့ဒီဟိုတယ်ပိုင်ရှင်နဲ့ရင်းနှီးနေတာ
ကျွန်တော့်ကိုမြင်လိုက်တာနဲ့ တစ်ပြိုင်နက် ဟိုတယ်ပိုင်ရှင်က ခေါင်းတစ်ချက်ညိတ်ပြရင်း
"Lu fengက ဒုတိယထပ်က
အခန်း နံပါတ်သုံးမှာ"