အပိုင်း(၂၀)
ကြိုပြီးပြောထားချင်ပါတယ် T/Nကို အဆုံးထိဖတ်ပေးကြပါလို့ တောင်းဆိုတာပါနော်
**************************************
အဲ့ဒီလက်စွပ်က Lu feng ကျွန်တော့်ကိုပေးခဲ့တဲ့ တစ်ခုတည်းသော အရာမို့လေကျွန်တော် ညနေခင်းတစ်ခေါက် Barကိုသွားပြီးရှာသေးတယ် ကြမ်းပြင်ပေါ်မှာ တစ်ကယ်မရှိကြောင်း သေချာအောင်
လုပ်နေတုန်း ဟိုတစ်နေ့က ကျွန်တော့်ကို ကူညီခဲ့တဲ့သူက နောက်တစ်ခါ ထပ်ပေါ်လာပြန်တယ်"Hey"
သူကကျွန်တော့်ကို နှုတ်ဆက်လိုက်တယ်
"ငါတို့ထပ်ဆုံပြန်ပြီနော် မင်းဒီကို သောက်ဖို့လာတာလား"
ရုတ်တရက်ဆိုတော့ ကျွန်တော် သူဘယ်သူမှန်းမသိဘူး ကျွန်တော့် အသိထဲမှာလည်း ဒါမျိုးသူငယ်ချင်းမှ မရှိပဲ
"မင်းဘာရှာနေတာလဲ???ဒါလား"
သူကသူ့ရဲ့ကုတ်အကျီင်္ကို နှိုက်လိုက်ပြီး တစ်ခုခုကို ထုတ်ယူလိုက်တယ်သေးငယ်ပြီးတော့ အရောင်နည်းနည်းမှိန်နေပြီဖြစ်တဲ့ ကျွန်တော့်ရဲ့ငွေလက်စွပ်ကလေးက သူ့လက်ဖဝါးပေါ်မှာ တည်ရှိလို့နေတယ် ကျွန်တော် ကျေးဇူးတင်စကားတောင် မပြောနိုင်ပဲ ချက်ချင်းကို အလန့်တကြား ယူမိလိုက်တယ်
ကျွန်တော်နဲ့Lu fengကြားက ဆက်သွယ်မှုဖြစ်တဲ့ ဒီလက်စွပ်လေး ပျောက်သွားပြီနေမှာလို့ ကျွန်တော် အစတုန်းကထင်နေခဲ့တာ အခု ကံကြီးထောက်မပေလို့ပဲလက်စွပ်ကို ရင်ဘတ်မှာအပ်ရင်း
ငိုနေတဲ့ကျွန်တော့်ကို မြင်တော့ အဲ့ဒီလူက အလန့်တကြားဖြစ်သွားတယ်
"မင်း ...မင်းအဆင်ပြေရဲ့လား ငါမနေ့က ကတည်းက မင်းကို ဒါပေးမလို့ပဲ ဒါပေမယ့် ... မင်းသိပါတယ် ရန်ပွဲကဖြစ်လိုက်တော့ ငါမင်းကို ဒါပေးဖို့မေ့သွားရော..."အခုမှပဲ ကျွန်တော် နားလည်တော့တယ် မနေ့က ကျွန်တော့်ရှေ့ကနေ ရပ်တည်ပေးတဲ့ သူစိမ်းက ဒီကလူပဲ ကျွန်တော် Lu fengလို့ထင်ခဲ့တာကလည်း သူပဲပေါ့
"ကျေးဇူးအများကြီးတင်ပါတယ်"ရှက်လိုက်တာနော မနေ့က သူ့ရှေ့မှာ ကျွန်တော်မူးပြီးတော့ ပြောချင်ရာတွေပြောနေခဲ့တာလေ သူ့ကို Lu fengအမှတ်နဲ့တောင် ဖက်ထားခဲ့မိသေး :3
ကျွန်တော် နှာခေါင်းကို တစ်ချက်ရှုံ့လိုက်ရင်း
"ဒါက ကျွန်တော့်အတွက် အရမ်းအရေးကြီးလို့ပါ"
"အိုး"
သူ့မျက်နှာက အနည်းငယ် စိတ်ရှုပ်ထွေးသွားတဲ့ပုံစံပဲ လက်စွပ်ကို တစ်ချက်ကြည့်ပြီး ကျွန်တော့်ကို တစ်ချကိကြည့်လိုက်ပြန်တယ်
"ဒါက ခင်ဗျား girlfriendဆီက ရထားတာလား"
ကျွန်တော်ကသာ ဒီလက်စွပ်က boyfriendဆီကနေရပါတယ်လို့ ပြောလိုက်ရင် သူတော်တော်လန့်သွားလောက်တယ် ကျွန်တော် သူ့ကို မကြောက်လန့်စေချင်တာနဲ့ပဲ ခေါင်းကိုအသာညိတ်ပြလိုက်တယ်
Lu fengကတော့ မိန်းမဘဝကို တစ်ခဏတာရောက်သွားတာပေါ့ဗျာ