3

105 21 0
                                    

အပိုင်း (၃)

စာသွားလုပ်မယ်ဆိုတာက Lu fengကဟန်ပြပြောနေတာ
အမှန်တစ်ကယ်ကတော့ သူစာသွားလုပ်တာမဟုတ်ဘူး
စာလုပ်တယ်ဆိုတာကလည်းဆယ်ခါမှတစ်ခါ သူစာလုပ်တယ်ဆိုတာက
မြင်ရခဲတယ်
သူ့ရဲ့အချိန်အများစုကိုတော့ ကျောင်းအပြင်ကရန်ပွဲတွေနဲ့ ပြသနာရှာတဲ့နေရာမှာသုံးနေတာ
(အပေါ်မှာရှင်းပြခဲ့သလိုပဲ သူ့အဖေကကျွန်တော်တို့ကျောင်းကိုငွေထောက်ပံ့ပေးနေတာမို့ ဘယ်သူမှသူ့ကိုဘာမှမပြောရဲဘူး)
သိပ်မကြာခင်တုန်းက တစ်ခြားကျောင်းက လူဆိုးအုပ်စု
ခေါင်းဆောင်ရဲ့လက်မောင်းကိုခုံတစ်လုံးနဲ့သူရိုက်ချိုးပစ်ခဲ့တယ်
အဲ့ဒီအဖြစ်အပျက်ကြောင့် ဒီနယ်တစ်ဝိုက်မှာရှိတဲ့ အထက်တန်းကျောင်းသားတွေကြားမှာသူနာမည်ဆိုးနဲ့ကျော်ကြားနေ
ခဲ့တာ သူ့ရဲ့ရန်ပွဲတွေအများစုကသူ့ရဲ့ဒေါသကြောင့်စတာများတယ် သူနဲ့ရန်ဖြစ်တဲ့ကောင်တွေကလည်း အခြေအမြစ်မရှိတဲ့လမ်းသရဲတွေ
အဲ့ဒီကောင်တွေအများစုက ဂိုဏ်းစတားကားတွေကိုကြည့်တယ် ပြီးရင် အဲ့ဒီကားတွေထဲကမင်းသားတွေရဲ့
ပုံစံကိုအတုခိုးတယ် သူတို့ကိုယ်သူတို့ တစ်ကယ့်ဂိုဏ်းစတားတွေလို့များထင်နေကြသလားမသ်ဘူးခင်ဗျားသာ လူတစ်ယောက်ရဲ့ခေါင်းကိုဘီယာပုလင်းနဲ့အလွယ်တကူရိုက်နိုင်တယ်ဆိုလို့ကတော့ ခင်ဗျားချက်ချင်းကို ဂိုဏ်းခေါင်းဆောင်တစ်ယောက်ဖြစ်တော့မယ်လို့သာ သိထားလိုက်တော့ ပြီးတော့ ခင်ဗျားရဲ့လုပ်ရပ်ကြောင့် ခင်ဗျားက သူတို့ကြားထဲ သူရဲကောင်းကြီးဖြစ်နေလိမ့်မယ်
အဲ့ဒီလို ဂိုဏ်းခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ Lu fengရဲ့အချစ်ဆုံး သူငယ်ချင်းဖြစ်နေလို့ကျောင်းသားအများစုက
ကျွန်တော့်ကိုမနာလိုဖြစ်ကြတယ်

"Xiao chen ရေခဲပြင်စကိတ်သွားစီးရအောင်"
"မသွားဘူး ငါရေခဲပြင်စကိတ်မစီးနိုင်သေးဘူး ငါစာတွေမပြီးသေးဘူး ပြီးတော့ပိုက်ဆံလည်းမရှိဘူး "
ဒီလိုမျိုးစကားသံတွေကကျွန်တော်တို့နှစ်ယောက်ကြားထဲမှာ အမြဲဖြစ်နေကြ Lu fengကချမ်းသာတယ် သူကသူ့သူငယ်ချင်းတွေအပေါ်ကို
အရမ်းကောင်းတယ်
သူမုန့်ကျွေးတာပဲဖြစ်ဖြစ် စကိတ်ကွင်းသွားတာပဲဖြစ်ဖြစ် သွားလိုက်တိုင်း သူစရိတ်ခံတတ်တယ်ဆိုပေမယ့်
ကျွန်တော်ကတော့ သူ့ရဲ့အကျွေးအမွေးတွေ ခရီးစရိတ်ဖိုးတွေ တစ်ခါမှလက်မခံခဲ့
အဖေကကျွန်တော်နဲ့ ကျွန်တော့်ညီလေးကိုငယ်ငယ်ကတည်းကသူများဆီက
အလကားရတိုင်းမယူဖို့သင်ပေးခဲ့တာ အဖေကကျွန်တော်
ငယ်ငယ်ကတည်းကကျွန်တော့်
ခေါင်းထဲကိုအဲ့ဒီအသိတွေရိုက်သွင်းပေးခဲ့တာ
"ပထမအချက် ဘယ်တော့မှမခိုးရဘူး
ဒုတိယအချက် ဘယ်တော့မှလောဘမကြီးရဘူး"
လောဘကြီးတယ်ဆိုတာက အစောကပြောခဲ့သလိုပါပဲ အလကားရတဲ့အရာတွေကိုယူခြင်း ဥပမာ Lu fengပေးတဲ့မုန့်တွေ ခရီးစရိတ်တွေလိုပေါ့
ဒါကြောင့် Lu fengနဲ့ကျွန်တော့်ရဲ့
ဆက်ဆံရေးမှာငွေရေးကြေးရေးကိစ္စအတွက်စည်းခြားထားခဲ့ပြီးသား
ကျွန်တော်တို့တောင်တက်သွားတုန်းကကျွန်တော်ပိုက်ဆံမပါလို့ သူကကျွန်တော်ဖို့ရေဘူးဖိုးရှင်းပေးခဲ့တယ် အဆောင်ပြန်ရောက်တော့ ကျွန်တော်သူ့ကိုပိုက်ဆံပြန်ပေးခဲ့တော့ သူငြင်းခဲ့ပေမယ့် မယူရင် သူငယ်ချင်းမလုပ်တော့ဘူး ဆိုတဲ့ကျွန်တော့်စကားကြောင့် သူယူခဲ့ရတယ် ဒီလိုလုပ်တာကကျွန်တော့်အတွက်တော့ ငွေကြေးကိစ္စမှာ စိတ်အေးရပေမယ့် Lu fengကတော့ အဲ့ဒီလိုကတောက်ကဆဖြစ်တိုင်း
ဒေါသထွက်တတ်တယ်
ကျွန်တော့်ကိုခပ်စောင်းစောင်းတစ်ချက်ကြည့်ပြီး Lu fengကသူ့နဖူးကိုပိတ်ရိုက်တယ်
ကျွန်တော့်ကိုစိုက်ကြည့်နေရင်း သူဘယ်လိုပြောပြော သူ့ပိုက်ဆံကိုကျွန်တော်လက်မခံဘူးဆိုတာကိုသူနားလည်သွားတယ်နဲ့တူတယ် သူ့ရဲ့လေသံကပြောင်းသွားတယ်
"မင်းလိုက်ခဲ့ပါကွာ ငါတို့နှစ်ခေါက်ပဲစီးကြမယ်လေ ပြီးတော့ မင်းငါ့ကိုဆုရအောင်ကူညီပေးလို့ ငါကမင်းကို ဒါယကာခံတယ်လို့သဘောထားလိုက်ပေါ့ကွာ"
"ဟမ်"
"နောက်ဆုံးအခေါက်တုန်းကမင်းငါ့ကိုရေးပေးတဲ့essayလေ ပြိုင်ပွဲမှာ ပထမရတယ်ကွ ငါ့အဖေကတော်တော်ပျော်နေတယ်ကွ ငါ့ကိုလည်းဆုတွေချလိုက်သေးတယ်"
ကျွန်တော်ကြောင်တောင်တောင်နဲ့ရပ်နေမိတယ်
တစ်ကယ်ကြီးလား ???
ဘယ်လိုဖြစ်တာလဲ??? ဒီအဓိပ္ပာယ်မရှိတဲ့ essayကပထမဆုကိုရတယ်တဲ့လား??? အခြေအနေတွေကဘာလို့ပြောင်းလဲကုန်တာလဲ???
ကျွန်တော်ရေးတဲ့ essayနဲ့ကျွန်တော်တစ်ခါမှဆုမရဖူးတာအမှန် အခုတော့ ကြက်သားစွပ်ပြုတ်သုံးခွက်တည်းနဲ့
ကျွန်တော်ကပထမဆုကို Lu feng
ကိုပေးခဲ့တာ

ARTTLWhere stories live. Discover now