အပိုင်း(၁၀)
ကျွန်တော် အဖြေကိုစဉ်းစားပြီးရင် စဉ်းစားစရာရှိတာတွေ စဉ်းစားပြီးရင် သူ့ကိုလာရှာပါလို့ Lu fengက ပြောခဲ့တယ်ကျွန်တော် ဘာမှကို သေချာမစဉ်းစားနိုင်သေးတာမို့ နောက်ထပ် သူ့ဆီကိုမသွားဖြစ်ဘူး
ကျွန်တော် သူ့ဆီကနေထွက်ပြေးနေတာမဟုတ်ပါဘူး မဟုတ်ပါဘူး တစ်ကယ် မထွက်ပြေးပါဘူး ခင်ဗျားတို့ ကျွန်တော့်ကိုယုံသင့်တယ်ကြောက်စရာကောင်းလောက်အောင်ပဲကျွန်တော် တစ်ချို့အချိန်မှာ စာမလုပ်ချင်ပဲ သူ့အကြောင်းကိုပဲတွေးနေမိတယ်
English စာတွေလည်းမလေ့လာဖြစ်တော့ဘူး
မနေ့ကဆို ကျွန်တော်အမြဲအမှတ်ပြည့်ရနေကျ english တစ်မှတ်တန်မှာဆို ကျွန်တော် ငါးခုကြီးများတောင် မှားခဲ့တယ် ကျွန်တော် တစ်အားစိတ်ညစ်နေပြီ လတ်တလောကျလာတဲ့ အဆင့်တွေ
ကျွန်တော့်ကို အသေသတ်နေသလိုပဲ
ဘာကများ ကျွန်တော့်ကို ဒီလိုမျိုး ဖြစ်စေတာလဲ အိပ်ရေးမဝတာကများ ကျွန်တော့်ဦးနှောက်ကမှတ်နိုင်စွမ်းကို
လျော့နည်းစေလို့များလား ဒါမှမဟုတ်
စာသင်ခန်းထဲ စာကိုသေသေချာချာ လိုက်နားမထောင်မိလို့များလား
ဒါမှမဟုတ် တစ်ခြားသူတွေ ပြောနေသလိုမျိုး လေထုထဲ oxygenတွေနည်းကုန်လို့များလား
သေချာတာကတော့ ကျွန်တော်အမှတ်ကျတာ Lu feng နဲ့မသက်ဆိုင်ဘူးဆိုတာပဲ Lu feng အဲ့ဒီကောင်နဲ့တစ်စိုးတစ်စိလေးတောင် မပတ်သတ်ဘူး သူနဲ့ဘာမှလုပ်စရာလည်းမရှိဘူး"Lu feng မင်း ပြန်လာပြီလား"
ကော်ရစ်ဒါကတစ်ယောက်ယောက်ကကျယ်ကျယ်လောင်လောင်နဲ့အော်နှုတ်ဆက်တာကိုကြားလိုက်ရတယ်ကျွန်တော်လန့်သွားတယ် အလျင်အမြန် ပုန်းစရာနေရာကို လိုက်ရှာမိတယ်ကျွန်တော်ဘယ်နားပြေးပုန်းရင်ကောင်းမလဲ အဝတ်သေတ္တာထဲဝင်ပုန်းရင်ကောင်းမလား??? သေတ္တာထဲရော??? ကုတင်အောက်???
ကျွန်တော်ပုန်းဖို့နေရာရှာနေတုန်းမှာပဲ တံခါးကပွင့်လာတာမို့ စာအုပ်ကို အမြန်ယူကာစားပွဲရှေ့ထိုင်ရင်း စာကြည့်နေဟန်ဆောင်လိုက်တယ်
"Xiao Chen ငါပြန်လာပြီ "
သူ့အသံကတော်တော်လေးကို ပျော်ရွင်နေတဲ့ပုံ
"Oh အင်း"
ကျွန်တော် စာအုပ်ထဲကိုခေါင်းနှစိပြီး တစ်ခုခုကိုမျဉ်းတားနေလိုက်တယ် သူ့ကိုမော့ကြည့်ဖို့အချိန်မရှိလောက်အောင် အလုပ်များနေတဲ့ ပုံစံဖမ်းရင်းနဲ့ပေါ့
"မင်း အိမ်စာလုပ်နေတာလား"
"သြော် အင်း"
"အင်း အဲ့ဒါဆိုလည်း ငါမင်းကိုမနှောင့်ယှက်တော့ဘူး"
"umm okay"
ကျွန်တော် သက်ပြင်းတစ်ချကိကို
ခပ်တိုးတိုး ချလိုက်တယ်
"Xiao Chen မင်းစာအုပ်ကအပေါ်အောက်ပြောင်းပြန်ဖြစ်နေတယ်"
"ဘာ??"
ကျွန်တော်စာအုပ်ကိုအမြန် အပေါ်အောက်ပြန်တည့်လိုက်တယ်
နောက်ထပ်တစ်ခါစာအုပ်ကိုကြည့်လိုက်တော့ huh??? စာအုပ်ကပြောင်းပြန်ဖြစ်နေတာပဲ ဒါဆိုအစောနကကျွန်တော်ကိုင်ထားတာက အတည့်ပေါ့
Lu feng မျက်နှာပေါ်ကအပြုံးက ပျောက်ကွယ်လို့သွားတယ် သူကသူ့အိတ်ကိုအောက်ကိုချလိုက်ပြီး ကုတင်ရဲ့ အစွန်းမယ်ထိုင်လိုက်တယ်
"Xiao Chen ဒီကိုလာ"
ကျွန်တော်အောက်နှုတ်ခမ်းကို အသာကိုက်ရင်း သူ့ဘေးကိုသွားရပ်နေလိုက်တယ်
"ထိုင်"
ကျွန်တော်သူ့စကားကို ရိုရိုကျိုးကျိုး နားထောင်နေမိတယ်
သူကသူ့အကျင့်အတိုင်းပဲ သူ့လက်မောင်းတွေကိုကျွန်တော့် ပခုံးပေါ်တင်ရင်း ကျွန်တော့်ကိုသိုင်းဖက်လိုက်တယ်
ဒါပေမယ့်သူ့အဲ့ဒီလိုလုပ်တာက ကျွန်တော့်ကိုပိုပြီးတော့ ကျုံ့သွားစေတယ် အခုတော့ ကျွန်တော်ကသူ့လက်မောင်းအောက်မှာကျုံ့ကျုံ့လေး