17

41 10 0
                                    

အပိုင်း(၁၇)
အဖြစ်အပျက်တွေအားလုံးကို ရှင်းရမယ်ဆိုရင်တော့
ကျွန်တော်တို့နှစ်ယောက်ရဲ့ အပြစ်တွေအားလုံးကို Lu fengက တစ်ယောက်တည်းခံယူလိုက်တာမို့
ကျွန်တော့်အပြစ်တွေက အတန်ငယ် လျော့ပေါ့သွားပြီး   Lu feng ကျောင်းထွက်လိုက်ရတယ်
Yang Weiက အသက်ရှင်လျက် ကျန်ရစ်နေတာတောင်မှ ကံကြမ္မာက Lu fengဘက်ကို အလေးမသာခဲ့ဘူး
ဒါ့အပြင် တမင်သက်သက်           Yang Wei ကို ထိခိုက်နစ်နာစေတဲ့ အမှုမှာ  Lu fengနဲ့ ကျွန်တော်ရဲ့ ဆက်ဆံရေးက ဆက်နွှယ်လို့နေပြန်တယ်
Lu fengက 19နှစ်မို့ အသက်ပြည့်ပြီ ဒါပေမယ့် ကျွန်တော်ကတော့ အသက်မပြည့်သေးဘူးရယ် ပြီးတော့
အသက်ဆယ့်ငါးနှစ်အရွယ် ကလေးတစ်ယောက်က လူတစ်ယောက်ရဲ့ခံစားချက်ကို မဆုံးဖြတ်နိုင်ဘူးလို့ ဥပဒေက ယုံကြည်တဲ့အတွက်ကြောင့် သူတို့က Lu fengက ကျွန်တော့်ကို
ဖျားယောင်းသွေးဆောင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စွပ်စွဲခဲ့တယ်

ကျွန်တော် ထိန်းချုပ်နိုင်စွမ်းတွေ အကုန်ပျောက်ဆုံးကုန်တယ် ကျွန်တော့်ကို မေးခွန်းမေးဖို့ကြိုးစားလာတဲ့သူတိုင်း ကျွန်တော့်အဖေနဲ့အမေ အပါအဝင် Yi chenကိုတောင်မှ ကျွန်တော် တွန်းထုတ်ပြီး ငြင်းဆန်ခဲ့မိတယ်
ကျွန်တော် သူတို့ရဲ့ ဒီကကောင်က စိတ်ပျက်ချင်စရာ ရင်လေးချင်စရာ ကောင်းပါတယ်ကွာဆိုတဲ့ အကြည့်တွေ ရွံစရာလူတစ်ယောက်လို ကြည့်တဲ့အကြည့်တွေကိုမခံစားနိုင်ဘူး

ခင်ဗျားတို့ မျက်စိမမြင်ဘူးလား???
ကျွန်တော်တို့ချစ်နေကြတယ်ဆိုတာကိုခင်ဗျားတို့မြင်ရုံနဲ့တင်မသိဘူးလား

ဘာလို့ ကျွန်တော်တို့လို ချစ်သူတွေကြားထဲမှာ တစ်ခုခုဖြစ်ရင် မူမမှန်တာနဲ့ဖောက်ပြန်တာလို့ပဲ ဘာလို့သတ်မှတ်နေကြတာလဲဟင်
ဘယ်သူကများ ကျွန်တော်တို့ အချစ်ကို တားမြစ်ထားတဲ့ အချစ်လို့ သတ်မှတ်ခဲ့တာပါလိမ့်

အိမ်ထဲမှာ သုံးရက်ကြာ သော့ပိတ်ခံထားရအပြီးမှာတော့
ထူးချွန်တဲ့ စဉ်းစားတတ်တဲ့ ယဉ်ကျေးတဲ့ နူးညံ့သိမ်မွေ့တဲ့ အရင်က Cheng Yi chenဟာ လုံးဝကိုပျောက်ကွယ်လို့သွားပါပြီ

အဖေနဲ့အမေကတော့ ကျွန်တော့်ကို ပြသနာကောင်လို့မြင်ကြတယ် အရင်တုန်းက မိသားစုရဲ့ဂုဏ်ဆောင် ကျွန်တော်ဟာ အခုတော့ မိသားစုကို အရှက်ရအောင် မျက်နှာအိုးမည်းသုတ်ခဲ့တဲ့ တစ်ယောက်ဖြစ်လို့နေတယ် အဖေနဲ့အမေက ကျွန်တော့်ကို သားလို့တောင် မခေါ်ချင်တော့တဲ့ အထိပါပဲ  ကျွန်တော့်ရဲ့ညီလေးကတောင် ကျွန်တော့်ကိုရှောင်လို့နေတယ်

ARTTLWhere stories live. Discover now