ဖီးနစ်နိဒါန်း.
🔥🔥🔥🔥၂၀၀၀ခုနှစ်ဝန်းကျင်...။
"မင်းတို့သားအမိတွေ ဒီကနေ တခြားနေရာကိုအမြန်ဆုံးရွှေ့မှဖြစ်မယ်.."
အခန်းထဲဝင်လာပြီး အရင်းအဖျားမရှိပြောလာသည့်သူ့ကြောင့် နှင်း အဝတ်အစားတွေ မီးပူတိုက်နေရာမှ ဆတ်ခနဲလှည့်ကြည့်လာ၏။
"ဘာဖြစ်လို့လဲ ကို..ကို့စကားက ဆန်းလှချေလား..နှင်းတို့က ဒီမှာအခြေတကျဖြစ်နေပြီ ကိုကချက်ချင်းကြီးဘယ်ကိုရွှေ့ခိုင်းနေတာလဲ.."
ဘုန်းသမ္ဘာက နှင်းဘေးမှာဝင်ထိုင်လိုက်ပြီးမှ နှင်းအမေးကို ရုတ်တရက်ဖြေရခက်သွားဟန်ဖြင့် နှင်းကိုတစ်ချက်ကြည့်ရင်း စကားလုံးတွေအပြေးအလွှားစဥ်းစားနေသည်။ အတန်ကြာမှပင့်သက်ရှိုက်၍..
"ကိုယ်အာရုံတွေရနေလို့ပါ.. မင်းတို့မြန်မြန်ပြောင်းမှဖြစ်မယ်၊ မကွေးကို ပြန်တာအကောင်းဆုံးပဲ..မင်းမိဘတွေဆီမှာပြန်သွားနေပါ..."
"ကို ဘယ်လိုပြောလိုက်တယ်...နှင်းက မိဘဆီမှာပြန်နေရမယ် ဟုတ်လား..နှင်းက မိဘကိုဆန့်ကျင်ပြီးကို့ကိုလက်ထပ်ခဲ့တာလေ..ဒီအချိန်ကျမှ နှင်းပြန်သွားရင်မေမေတို့က နှင်းကိုဘယ်လိုထင်ကြမလဲ...နေစမ်းပါဦး ကိုရယ်..ကိုယ်ကဘာအာရုံတွေရနေလို့လဲ..."
ကိုယ့်ယောက်ျားက ထူးခြားသည့်သူမှန်း နှင်းသိသည်။ ထူးခြားသောစွမ်းအားတွေကိုလည်း ပိုင်ဆိုင်ထားသေးသည်ယူ သို့သော် လျှို့ဝှက်တတ်သူဖြစ်ကာ သု့အကြောင်းကိုဘယ်တုန်းကမှ မပြောခဲ့ဖူးပေ။ မရမကမေးလွန်းမှ တစ်ခွန်းစနှစ်ခွန်းစပြန်ဖြေတတ်ကာ ဘယ်လိုလူဆိုတာ ခန့်မှန်းရခက်လောက်အောင် အနေအထိုင်သိုသိပ်လွန်းသူဖြစ်သည်။
သူနှင့်အကြောင်းပါဖို့ဖြစ်လာခဲ့သည့်သူမက မြို့သစ်မြို့နယ် ကျန်းမာရေးဌာနမှာ သူနာပြုအဖြစ်တာဝန်ကျခဲ့စဥ် ဒဏ်ရာဒဏ်ချက်များနှင့်ဆေးခန်းရောက်လာသည့် ဘုန်းသမ္ဘာနှင့်ဖူးစာဆုံခဲ့ကြသည်။ သူဟာ အကြားအမြင်ဆရာတစ်ယောက်ဆိုတာထက် ပိုမသိခဲ့သည့်သူမက သူလျှို့ဝှက်ထားခဲ့သည့် သူ့ဘဝဇာတ်ကြောင်းတွေကို စပ်စုဖို့လည်း စိတ်မဝင်စားခဲ့ပေ။ သူဟာလူကောင်းတစ်ယောက်ပဲလို့ ယုံကြည်လက်ခံ၍ မိဘတွေသဘောမတူပေမဲ့ သူ့ကိုအချစ်တစ်ခုတည်းနှင့်လက်ထပ်ခဲ့သည်အထိ စွန့်စားခဲ့သူပါ။

YOU ARE READING
The Legend Of The Phoenix:The Limit
Hành độngခွဲခွာခဲ့ရချိန်မှာ လောင်ကျွမ်းပြာကျတတ်တဲ့ ဖီးနစ်ငှက်ရဲ့စေတမန်လား... မင်းကိုမြင်လိုက်တိုင်းမှာ ငါ့နှလုံးသားဟာ အတောင်ပံသစ်တစ်စုံနဲ့နိုးထလာတဲ့ ဖီးနစ်ငှက်ရဲ့အသွင်သဏ္ဍာန်လို ပူလောင်ပြင်းပြတဲ့ အချစ်ရဲ့ဆန္ဒတွေ ရင်မှာမျိုသိပ် ကျိတ်မှိတ်ခံစားလို့.. ပင့်သက်က...