'ဖီးနစ်ငှက်ရဲ့ရာဇဝင်'အခန်း(၄၂)
"တွေ့ရတာဝမ်းသာပါတယ် ဒေါ်နှင်းဆီဆူး"
လုလင် လက်ဆွဲနှုတ်ဆက်ပြီးအရွယ်တင်လှပနုပျိုနေသည့် အမျိုးသမီးကိုအကဲခတ်နေသည်။ လင်းတကြွေမည်ဆိုလည်း ကြွေလောက်စရာပါ။ နှင်းဆီဆူးက စားပွဲပေါ်တင်ထားသည့်ကတ္တီပါဘူးထဲမှ မောင်းကွင်းလက်စွပ်တွေကို တစ်ကွင်းချင်း စွပ်နေရင်း လုလင်ကိုမေးဆတ်၏။
"ကျွန်မကိုတွေ့ချင်တာဘာကိစ္စလဲ..ရှင် ကျွန်မကိုသိလို့လား..."
"ဆိုပါတော့.. ခင်ဗျားရဲ့လိပ်စာကိုခင်ဗျားရဲ့ကိုယ်ရံတော်နာဂဆီကစုံစမ်းလာခဲ့တာပါ.."
"နာဂကိုဖမ်းသွားတဲ့ ဒုရဲအုပ်ဆိုတာရှင်လား.."
နှင်းဆီဆူးက အံ့သြဟန်တစ်ချက်ဖြင့် မေး၏။
"ဟုတ်ပါတယ်.. အခုခင်ဗျားဆီလာတာ တောင်ညိုမှာအသတ်ခံရတဲ့ လင်းတအကြောင်းနည်းနည်းမေးချင်လို့ပါ..ကျွန်တော်ဦးသီဟစက်ဆီရောက်ခဲ့ပြီးပါပြီ..ကျွန်တော်မေးသမျှ ဘာမှမဖြေဘူး.."
သီဟစက်ဆိုသည့်နာမည်ကြားသည်နှင့် နှင်းဆီဆူးနှုတ်ခမ်းမဲ့သွား၏။
"သီဟစက်ကိုသွားမေးတာ အိပ်ချင်ယောင်ဆောင်နေတဲ့သူကိုသွားနှိုးသလိုပဲဖြစ်မှာပေါ့.."
လုလင်က ဆက်တီလက်ရန်းပေါ်လက်တင်လိုက်ရင်း
"လင်းတအသတ်ခံရတဲ့ကိစ္စက ဦးသီဟစက်နဲ့သက်ဆိုင်မှုရှိတယ်လို့ခင်ဗျားထင်လား.."
လုလင်မေးခွန်းကြောင့် နှင်းဆီဆူးက ခြောက်ကပ်ကပ်ရယ်သည်။
"သူသတ်တာပဲလေ..သူကလွဲပြီးဘယ်သူရှိရဦးမလဲ..ဘာကြောင့်သတ်သလဲတော့ငါမသိဘူး၊ ငါသိတာကတော့ သူသတ်ခဲ့တာလင်းတတစ်ယောက်တည်းမဟုတ်ဘူးဆိုတာပဲ.."
ရှင်တွေကျွန်မတွေမဟုတ်တော့ဘဲ ငါဟုပြော၍ နှင်းဆီဆူး နာကြည်းရိပ်တို့နှင့်အံကြိတ်နေသည်။
"ဦးသီဟစက်က ကြိုးကိုင်နေတဲ့သူပါဒေါ်နှင်းဆီဆူး၊ လင်းတကိုသတ်တာလင်းယုန်ဆိုတဲ့တစ်ယောက်ပဲလို့ကျွန်တော်အတိအကျခန့်မှန်းထားတယ်..ခင်ဗျားလင်းယုန်ကိုရော သိသလား.."
YOU ARE READING
The Legend Of The Phoenix:The Limit
Acciónခွဲခွာခဲ့ရချိန်မှာ လောင်ကျွမ်းပြာကျတတ်တဲ့ ဖီးနစ်ငှက်ရဲ့စေတမန်လား... မင်းကိုမြင်လိုက်တိုင်းမှာ ငါ့နှလုံးသားဟာ အတောင်ပံသစ်တစ်စုံနဲ့နိုးထလာတဲ့ ဖီးနစ်ငှက်ရဲ့အသွင်သဏ္ဍာန်လို ပူလောင်ပြင်းပြတဲ့ အချစ်ရဲ့ဆန္ဒတွေ ရင်မှာမျိုသိပ် ကျိတ်မှိတ်ခံစားလို့.. ပင့်သက်က...