အခန်း(၁၇)

3.3K 111 0
                                    

'ဖီးနစ်ငှက်ရဲ့ရာဇဝင်'

အခန်း(၁၇)

နာမည်က.. "

"ကျောက်လုံး.. "

တုံးတိဖြေလိုက်သည့်တစ်ယောက်ကို လုလင်ခေါင်းတစ်ချက်ညိတ်ပြ၍ ကျန်တစ်ယောက်ကိုမေးဆတ်ကာ..

"မင်းကရော.. "

"ငါ့နာမည်ဘာလုပ်ဖို့လဲ.."

ရှုသိုးသိုးအကြည့်နှင့်ပြန်မေးလျှင် လုလင်ထောင်းခနဲဒေါသဖြစ်သွားပေမဲ့ ပေါ့ပေါ့ပါးပါးပဲပြုံးလိုက်ကာ လက်ပိုက်၍ထိုင်ခုံနောက်မှီမှာ မှီလိုက်သည်။

"ငါကစုံစမ်းစစ်ဆေးရေးအရာရှိ..ငါမေးတာဖြေရမယ့်တာဝန်မင်းတို့မှာရှိတယ်..မေးတာကိုဖြေ မရှည်နဲ့.."

မှတ်တမ်းယူဖို့စာရွက်နှင့်ခဲတံကိုင်ထားသည့်အကြပ်လေးကပါစိတ်မရှည်ဖြစ်လာဟန်ဖြင့် လက်တပြင်ပြင်ဖြစ်နေ၏။

"နာမည်လေးမေးတာတောင် ဒီလောက်ဋီကာချဲ့နေတာ..ဆရာ ဒီကောင်မေးတာတန်းမဖြေရင် နားရင်းသာအုပ်ပစ်လိုက်..."

နားရင်းအုပ်ပစ်လိုက်ဆိုမှ ထိုလူက လောလောလတ်လတ်အုပ်ခံထားရသဖြင့်ပူထူနေသည့်ဇက်ပိုးကို လက်နှင့်အသာစမ်းရင်း..

"ငါ့နာမည်က...ငါ့နာမည်ကတာတီး...."

"မင်းတို့ကိုတာဝန်ပေးတဲ့သူဘယ်သူလဲ.."

"မသိပါဘူး.. "

တာတီးကပဲဖြေသည်။ လုလင်မျက်နှာတင်းသွားကာ..

"မင်းတို့ကိုချော့မော့မေးနေတာ အကောင်းမှတ်မနေနဲ့၊မေးတာကိုသေချာဖြေ..မသိဘူးဆိုပြီးဘူးခံငြင်းရင် ဟိုဘက်ခန်းက ဘောက်ဆင်ပလေးတဲ့ဖွဲအိတ်နေရာမှာမင်းတို့ဖြစ်သွားလိမ့်​မယ်..ကဲ..ဖြေစမ်း..ဘယ်သူခိုင်းတာလဲ.."

တာတီးလန့်သွားကာ ဖြေဖို့ပြင်လိုက်စဥ် ကျောက်လုံးဆိုသူက ခြေထောက်နှင့်မသိမသာတို့လိုက်သဖြင့် ပါးစပ်ပိတ်သွားသည်။ဒါကို လုလင်မြင်သွားကာ ရုတ်တရက်ထ၍ ကျောက်လုံးပါးကိုဘယ်ပြန်ညာပြန်ရိုက်ချသည်။ စားပွဲကြီးခြားနေသော်လည်း လုလင်ကအရပ်မြင့်သူမို့ လက်တံရှည်သည်။ ကျောက်လုံးပါးနှစ်ဖက်လုံးနီရဲပူထူသွားကာ လက်ဝါးရာကြီးထင်ကျန်သွား၏။

The Legend Of The Phoenix:The LimitWhere stories live. Discover now