'ဖီးနစ်ငှက်ရဲ့ရာဇဝင်'
အခန်း(၂၇)
ကိကိကို တိုက်အိမ်လေးထဲသို့ ပွေ့ခေါ်လာခဲ့လျှင် အခန်းကျယ်ကြီးထဲမှာ ဂစ်တာတီးနေသူက အံ့သြရိပ်လွှမ်းနေသည့်အကြည့်များဖြင့်ကြည့်၍ ထလာ၏။
"စစ်သည်..ဘာဖြစ်လာတာလဲ..သူကဘယ်သူလဲ..."
စစ်သည်က ပြန်မဖြေသေးဘဲ ကိကိကိုနံရံဘေးကမွေ့ရာပေါ်မှာ အသာအယာချပေးသည်။ ထို့နောက် ကိကိလက်နှစ်ဖက်ကို ဖွဖွလေးဆွဲယူလိုက်ရင်း..
"မျက်လုံးမှိတ်ထား.."
ကိကိ သူပြောသည့်အတိုင်း မျက်လုံးမှိတ်ထားလျှင် စစ်သည် သူမလက်တွေကိုအသာအယာဆွဲခါလိုက်၏။ လက်တွေကိုဆွဲခါလိုက်သည့်သူ့လှုပ်ရှားမှုကြောင့် သူမမျက်လုံးပြန်ပွင့်လာလျှင် စစ်သည်မျက်လုံးတွေက သူမလက်မောင်းမှလက်ဝါးရာကြီးကိုကြည့်လျက် မျက်နှာတစ်ခုလုံးအေးစက်နေ၏။
"စစ်သည်.. ကောင်မလေးလက်က လက်ဝါးရာကြီးက..."
"မိုးဇက်လက်ချက်ပဲဓူဝံ..."
ဓူဝံ ခေါ်သိမ်းငှက်က စစ်သည်နှင့်ဧည့်သည်ကောင်မလေးကိုကြည့်၍ ပဟေဠိတွေဖြစ်နေ၏။ ကိကိက လက်ကိုလှုပ်ခါကြည့်ရင်း နာကျင်မှုတွေလျော့ပါးသွားသည့်အဖြစ်ကြောင့် ပက်လက်လှဲနေရာမှ ဝမ်းသာအားရထထိုင်ကာ..
"ကိုကြီး.. သမီးလက်တွေမနာတော့ဘူးသိလား.."
အမူအရာတစ်မျိုးလေးဖြစ်ကာ ကလေးရုပ်မပျောက်သေးသည့်ကောင်မလေးကိုဓူဝံအထူးအဆန်းသဖွယ်ကြည့်နေလျှင်..
"သူကချူချာတယ်ဓူဝံ..."
စစ်သည်ပြောလိုက်မှ ဓူဝံသဘောပေါက်သွားသလိုရှိ၏။
"ကိုကြီး ..သမီးရေဆာတယ်.."
ကိကိအသံထွက်လာတော့ ဓူဝံကရေခဲသေတ္တာထဲမှ ရေသန့်ဘူးနှင့်ရေခွက်ယူလာသည်။ စစ်သည်ကလက်ကမ်းယူ၍ရေငှဲ့ပေးပြီး ကိကိရေသောက်နေတုန်းမှာ ကိကိအပေါ် အတည့်ထိုးကျနေသည့်နေရောင်ကြောင့် သူပြတင်းလိုက်ကာစဆွဲချလိုက်သဖြင့် ဓူဝံမျက်ခုံးပင့်သွားသည်။ ရင်ထဲမှာသိချင်စိတ်တွေ အတော်များနေပြီဖြစ်လျက်...
YOU ARE READING
The Legend Of The Phoenix:The Limit
Açãoခွဲခွာခဲ့ရချိန်မှာ လောင်ကျွမ်းပြာကျတတ်တဲ့ ဖီးနစ်ငှက်ရဲ့စေတမန်လား... မင်းကိုမြင်လိုက်တိုင်းမှာ ငါ့နှလုံးသားဟာ အတောင်ပံသစ်တစ်စုံနဲ့နိုးထလာတဲ့ ဖီးနစ်ငှက်ရဲ့အသွင်သဏ္ဍာန်လို ပူလောင်ပြင်းပြတဲ့ အချစ်ရဲ့ဆန္ဒတွေ ရင်မှာမျိုသိပ် ကျိတ်မှိတ်ခံစားလို့.. ပင့်သက်က...