အခန်း(၄၉)

2.8K 111 4
                                    

'ဖီးနစ်ငှက်ရဲ့ရာဇဝင်'

အခန်း(၄၉)

"ဒီလူကငါ့ကျေးဇူးကိုမှမထောက်.."

ညွှန်ချုပ်ကြီး၏ထွက်ဆိုချက်ဗီဒီယိုဖိုင်ကိုကြည့်ရင်း သီဟစက် ဒေါသများနှင့်ကြိတ်မနိုင်ခဲမရ​ဖြစ်ကာ ဖုန်းကိုရိုက်ခွဲပစ်သည်။ ဖီးနစ်က အနားမှာရပ်နေသည့်ကိုယ်ရံတော်တစ်​ယောက်ကို မှန်ကွဲစတွေရှင်းဖို့မျက်ရိပ်ပြသည်။
မှော်ရုံက သီဟစက်ဒေါသကြီးနေတာကိုကြည့်၍..

"ဘာဖြစ်လို့အဲလောက်ဒေါသကြီးနေတာလဲကိုကို...ရန်သူကိုတိုက်ချင်ရင်သူ့အားနည်းချက်ကို အရင်ရှာရတယ်လေ..ဟုတ်တယ်မို့လား ဖီးနစ်..."

ဖီးနစ်ကိုစကားခေါ်လျှင် ဖီးနစ်က တေမိထုံးနှလုံးမူ၍ ဘာမှပြန်မပြောချေ။ ဖီးနစ်ငြိမ်နေတာကိုမှော်ရုံအသည်းယားသွားကာ ပါးကိုလာထိလျှင်ထိုလက်ကိုပုတ်ထုတ်ခံလိုက်ရသဖြင့် ကျဥ်ခဲသွားသည်။ ဖီးနစ်ကိုအံကြိတ်ကြည့်နေဆဲမှာ ဖီးနစ်က ဂျက်ကက်အင်္ကျီအတွင်းအိတ်ထဲမှ စာအိတ်ကို မာစတာ့ဆီကမ်းပေးသည်။
သီဟစက်က စာအိတ်ကိုချက်ချင်းဖွင့်ဖောက်ကြည့်သည်။ မယုံနိုင်သောမျက်လုံးများ ဖီးနစ်ထံရောက်လာကာ..
"ဒါ...ဘာသဘောလဲဖီးနစ်..."

"အလုပ်ထွက်စာပါမာစတာ..."

"ဒါနောက်စရာမှတ်နေလားကွ..မင်းငါ့ကိုအကြောင်းပြချက်ပေးစမ်း.."

"အကြောင်းပြချက်မရှိပါဘူးမာစတာ.. "

"အဓိပ္ပါယ်မရှိလိုက်တာကွာ..မင်းလခနည်းနေလို့လား.."

"ကျွန်တော်ဒီအလုပ်ကို စိတ်မပါတော့လို့ပါ.."

"ဘာဖြစ်လို့စိတ်မပါတာလဲ..."

မှော်ရုံက လက်ကိုဖိဆုပ်နေရင်းမှဝင်မေးသည်။ ဖီးနစ်က သူမကိုလည်းမကြည့်ဘဲ မျက်လုံးများက ဆွေးမြည့်ရီဝေနေသည်။

"စိတ်မပါလို့ထက် ပိုကောင်းတဲ့အကြောင်းပြချက်မရှိပါဘူး.."

"ကျွန်တော်လည်းအလုပ်ထွက်စာတင်ပါတယ်မာစတာ..."

သိမ်းငှက်ကပါ ရှေ့တိုး၍စာအိတ်ကမ်းပေးတော့ သီဟစက်ပို၍အံ့သြသွားကာ ဖီးနစ်ကိုယ်တိုင်လည်းအံ့သြနေပုံဖြင့် သိမ်းငှက်ကိုစောင်းငဲ့ကြည့်သည်။
သိမ်းငှက်က ခေါင်းမတ်ခါးဆန့်ထားရင်း..

The Legend Of The Phoenix:The LimitWhere stories live. Discover now