'ဖီးနစ်ငှက်ရဲ့ရာဇဝင်'
အခန်း(၅၅)
"မေမေတို့ကလည်းအခုထိပြန်မလာသေးဘူး..ပျင်းချက်.."
ကိကိက ဒီနေ့ညပဲပြန်ရမည်မို့ အဝတ်အစားတွေထုပ်ပိုးပြင်ဆင်နေရင်း ဘေဘီညည်းညူနေတာကိုဟိခနဲရယ်၏။
"မမနော်..ဘယ်ရယ်တာလဲ..ပြန်ရမှာကိုပျော်နေတယ်ပေါ့.."
"မမပျော်နေတယ်လို့ ဘေဘီကထင်နေတာလား..."
ကိကိမျက်နှာလေး ချက်ချင်းတည်သွား၏။ ဘေဘီကကိကိဆံပင်တွေကိုဘီးနှင့်ဖြီးသင်ပေးရင်း ပြုံးလိုက်ကာ..
"မမ မသိလို့ပါ.. မောင်မောင်ကြီးက မမကိုသိပ်ချစ်တာတဲ့.."
"ဘယ်သူကပြောတာလဲ.."
ကိကိဒိန်းခနဲရင်ခုန်သွားကာ မေးလိုက်မိသည်။
"မောင်မောင်ပြောတာ..."
ဖြစ်နိုင်လို့လား။ ကိကိ ရုတ်တရက်ဇဝေဇဝါဖြစ်သွားသည်။ ကိုကြီးကသူမကိုချစ်သည်လို့တစ်ခါမှတောင်မပြောဖူးပါ။ သူမပြောလိုက်တိုင်းလည်း စိတ်ပျက်သည့်အကြည့်တွေနှင့်မကြားချင်ဟန်ပြုတတ်သည့်ကိုကြီးကို သူမနောက်ထပ်ချစ်သည့်အကြောင်းတွေ ထပ်မပြောမိအောင်ပင် အတတ်နိုင်ဆုံးဆင်ခြင်တော့မည်ဟုဆုံးဖြတ်ထားပြီးပြီ။
"မဖြစ်နိုင်ပါဘူးအေ..."
ကိကိပြောလိုက်ပြီးမှ မနေ့ကကိုကြီးနမ်းခဲ့သည့်အဖြစ်ကိုပြန်သတိရသွားကာ ရင်ခုန်သံတွေဗြောင်းဆန်လာ၏။ ကိုကြီးကသူမကို...
"အံမယ်.. မဖြစ်နိုင်ဘူးဆိုပြီး ပြုံးပြုံးကြီးလုပ်နေတယ်.."
ဘေဘီက ကိကိမျက်နှာကိုခေါင်းပေါ်မှကျော်၍ငုံ့ကြည့်ပြီး ပြုံးစိစိဖြစ်နေစဥ် လူခေါ်ဘဲလ်သံကြောင့် ကိကိထရပ်လိုက်၏။
"မေမေတို့ပြန်လာပြီထင်တယ်..."
ခြံတံခါးကိုအပြေးအလွှားသွားဖွင့်လျှင် အထဲဝင်လာသည့်မိန်းမတစ်ယောက်ကြောင့် ကိကိအံ့အားသင့်သွားသည်။
"အစ်မကဘယ်သူလဲ..ဘာကိစ္စရှိလို့လဲ..."
ထိုမိန်းမသည် သူမမေးတာကိုမဖြေဘဲ စူးရဲစွာကြည့်၍တစ်လှမ်းချင်းတိုးလာပြီး ကိကိလည်ပင်းကိုညှစ်သည်။ ကိကိအသက်ရှူတွေကြပ်လာကာ ထိုသူမလက်တွေကိုပုတ်ခတ်၍တွန်းထုတ်သော်လည်းမရ။ မှော်ရုံက ကိကိကိုအငြှိုးကြီးသောမျက်နှာနှင့် စားမတတ်ဝါးမတတ် မျက်နှာချင်းကပ်၍..
![](https://img.wattpad.com/cover/335425213-288-k883274.jpg)
YOU ARE READING
The Legend Of The Phoenix:The Limit
Actionခွဲခွာခဲ့ရချိန်မှာ လောင်ကျွမ်းပြာကျတတ်တဲ့ ဖီးနစ်ငှက်ရဲ့စေတမန်လား... မင်းကိုမြင်လိုက်တိုင်းမှာ ငါ့နှလုံးသားဟာ အတောင်ပံသစ်တစ်စုံနဲ့နိုးထလာတဲ့ ဖီးနစ်ငှက်ရဲ့အသွင်သဏ္ဍာန်လို ပူလောင်ပြင်းပြတဲ့ အချစ်ရဲ့ဆန္ဒတွေ ရင်မှာမျိုသိပ် ကျိတ်မှိတ်ခံစားလို့.. ပင့်သက်က...