အခန်း(၄)

7.3K 224 13
                                    

"ကိုကြီး ..ဟိုမှာဖမ်းလေ.."

ငါးရံ့တစ်ကောင်ခုန်ထွက်လာတော့ ကိန္နရီကသူ့ကိုလက်တို့၍အသည်းအသန်ဖြစ်နေ၏။ စစ်သည် ငါးမျှားတံကိုကိုင်ထားရင်းငါးတစ်ကောင်မှမရသေးသည့်အဖြစ်ကိုစိတ်မရှည်ဖြစ်လာကာ..

"ကဲ..."

အနားသို့ကူးခတ်လာသည့်ငါးရှဥ့်ကို လက်နှင့်ဆွဲဖမ်းတော့ငါးရှဥ့်က အမြီးတယမ်းယမ်းနှင့်သူ့လက်ထဲပါလာသည်။

"ဟင်..ငါးကြီးကရွံစရာကြီး.."

ငါးကညှီနံ့ထွက်နေသဖြင့် ကိန္နရီနှာခေါင်းရှုံ့သွားကာ နောက်ဆုတ်ထိုင်၏။ စစ်သည်က ငါးရှဥ့်ကို သူမလေး မျက်နှာနားထိတိုးကပ်၍ကျီစားတော့ ကိန္နရီ ပျာပျာသလဲထရပ်ကာ အသံစာစာနှင့်အော်သည်။

"ဟာ..သမီးနားယူမလာနဲ့..ရွံစရာကြီး..."

အော့အန်ချင်သလိုလျှာထုတ်ပြလျှင် စစ်သည်နှုတ်ခမ်းတွန့်ရုံပြုံး၍ ငါးရှဥ့်ကိုရေထဲပြန်လွှတ်လိုက်သည်။ ကိန္နရီကခါးကုန်း၍ သူ့ကိုအနီးကပ်ငုံ့ကြည့်ကာ

"ကိုကြီး.. ခုနကပြုံးလိုက်တယ်မို့လား...သမီးမြင်လိုက်တယ်.."

"ဟင်...မပြုံးမိပါဘူး..."

"ဟာ..မညာပါနဲ့..သမီးမြင်လိုက်ပါတယ်...နောက်တစ်ခါလောက်ပြုံးပါဦး..."

မျက်လုံးပြူးဝိုင်းဝိုင်းလေးနှင့်သူ့ကိုအတင်းကပ်ကြည့်နေသဖြင့် စစ်သည်ထရပ်လိုက်တော့ကိန္နရီ့အရပ်ကသူ့ခါးတောင်မရှိပေ။ သူမလေးက သူ့ခြေသလုံးကိုဖက်ထားကာ..

"ဘယ်သွားမလို့လဲ..သမီးကိုပြုံးပြပါဆို..."

"ဟိုဘက်မှာကျားတွေရှိတယ်ညီမလေးရဲ့..ကျားတွေဆီသွားမလို့..လိုက်မှာလား.."

"ကျားတွေ.. ကျားတွေကကိုက်မှာပေါ့..ကိုကြီးကမကြောက်ဘူးလား.."

အလန့်တကြားမော့ကြည့်၍မေးနေသဖြင့် စကားမပီသော်လည်းသူမလေးပြောသမျှကိုသူကနားလည်သည့်အပြုံးနှင့်ငုံ့ကြည့်၍..

"ကျားတွေကလိမ္မာပါတယ်ညီမလေးရာ..လာ..သွားမယ်.."

ကိန္နရီကိုခါးထစ်ခွင်ချီ၍ ကျားတွေကိုခြံခတ်ထားသည့်နေရာအထိခေါ်သွားသည်။ ကိန္နရီကအငြိမ်မနေဘဲ လက်ကသူ့လည်ပင်းကိုဖက်ထားလျက် လည်ပင်းကငွေရောင်ဆွဲကြိုးမှတစ်ဆင့် စွပ်ကျယ်ချိုင်းပြတ်ဝတ်ထားသည့်သူ့ရင်ဘတ်က ကျောက်စိမ်းလော့ကက်ကိုမြင်သွားလျှင်..

The Legend Of The Phoenix:The LimitWhere stories live. Discover now