'ဖီးနစ်ငှက်ရဲ့ရာဇဝင်'
အခန်း(၃၁)
"ကျွန်တော့်မာစတာက ညွှန်ချုပ်ကြီးအတွက် လက်ဆောင်တွေပေးလိုက်ပါတယ်..လာမယ့်ဆန်းဒေးကျရင် မာစတာကိုယ်တိုင်လာတွေ့မယ်လို့ပြောပါတယ်.."
ညွှန်ချုပ်ကြီးက ပါကင်ဘူးတွေကိုကြည့်ပြီးကျေနပ်စွာပြုံးသည်။ ဖီးနစ်ကိုလည်း အပြုံးမျက်နှာနှင့်ခေါင်းညိတ်ပြရင်း..
"ကိုသီဟစက်ကိုပြောလိုက်ပါ၊ တောင်ညိုအမှုကိုပိတ်ပေးပါ့မယ်လို့.."
"ကျေးဇူးပါပဲဗျာ.."
ဖီးနစ် လှိုက်လှဲသည့်အသံနှင့်ပြော၍ ညွှန်ချုပ်ကြီးကိုလက်ဆွဲနှုတ်ဆက်သည်။ ထို့နောက်
"ကျွန်တော့်ကိုခွင့်ပြုပါဦး..."
ညွှန်ချုပ်ကြီး၏ နန်းတော်သဖွယ်ခံ့ညားသည့် အိမ်တော်လှေကားထစ်များမှဆင်းလာခဲ့ရင်း အင်္ကျီရင်ဘတ်က နေကာမျက်မှန်ကို သတိတရတပ်ဆင်လိုက်၏။ သူ ကွန်ကရစ်လမ်းပေါ်ခြေချမိစဥ်မှာပဲ မျက်နှာချင်းဆိုင်မှာ လာနေသူနှင့်ဆုံသွားသည်။
"ဟာ..ကိုဖီးနစ်.."
ဝမ်းသာအယ်လဲဖြစ်သွားသည့်လုလင်က သူ့ကိုမြင်မြင်ချင်းလက်ဆွဲနှုတ်ဆက်၍..
"ကျွန်တော်နဲ့ခင်ဗျားက ရေစက်ကိုပါတာထင်တယ်.."
"အင်း..maybe.. "
"ဒါနဲ့ကိုဖီးနစ်က ဒီကိုဘာကိစ္စနဲ့လာတာလဲ.."
စူးစမ်းအကဲခတ်သလိုကြည့်၍မေးလျှင် ဖီးနစ်က ဂျက်ကက်အင်္ကျီအိတ်ထဲ လက်သွင်းလိုက်ရင်း
"ကိုယ့်မာစတာကခိုင်းလို့ပါ.."
"ဪ ဟုတ်လား.. ကျွန်တော့်ကိုတော့ ညွှန်ချုပ်ကြီးကဆင့်ခေါ်လို့လေ.."
"ဪ.."
ဖီးနစ်က ခေါင်းညိတ်လိုက်ကာ ဖျတ်ခနဲဝင်လာသည့်အတွေးကြောင့်
"စကားမစပ်..ဒီကပြန်ရင်ညီလေးအားလား..."
မထင်မှတ်သည့်အမေးကြောင့် လုလင်မေးဖျားတွေပင့်သွားသည်။
"ဟုတ်ကဲ့ အားပါတယ်.. ဘာဖြစ်လို့လဲကိုဖီးနစ်.."
"ဟိုတစ်ခါ ကိုယ့်ကိုဒကာခံထားတော့ ကိုယ်ကလည်းပြန်ပြီးဒကာခံချင်လို့ပါ..ဧရာဝတီကိုလာခဲ့လေ..ကိုယ်စောင့်နေမယ်.."
YOU ARE READING
The Legend Of The Phoenix:The Limit
Actionခွဲခွာခဲ့ရချိန်မှာ လောင်ကျွမ်းပြာကျတတ်တဲ့ ဖီးနစ်ငှက်ရဲ့စေတမန်လား... မင်းကိုမြင်လိုက်တိုင်းမှာ ငါ့နှလုံးသားဟာ အတောင်ပံသစ်တစ်စုံနဲ့နိုးထလာတဲ့ ဖီးနစ်ငှက်ရဲ့အသွင်သဏ္ဍာန်လို ပူလောင်ပြင်းပြတဲ့ အချစ်ရဲ့ဆန္ဒတွေ ရင်မှာမျိုသိပ် ကျိတ်မှိတ်ခံစားလို့.. ပင့်သက်က...