'ဖီးနစ်ငှက်ရဲ့ရာဇဝင်'
အခန်း(၆)
"ပြောတော့ဖြင့် လေတစ်လုံးမိုးတစ်လုံး ခြေထောက်နဲ့မြေကြီးမထိဘူး..အဖြစ်ရှိရဲ့လား အသုံးကျရဲ့လားဆိုတော့လည်း တစ်နေရာမှအသုံးမကျဘူး..ဒါနဲ့များအသံကောင်းဟစ်ချင်သေးတယ်.."
ဒေါ်အေးချမ်းက ဘုရားပန်းအိုးထိုးနေရင်း ပါးစပ်ကလည်း အငြိမ်မနေဘဲ မြည်တွန်တောက်တီးနေသည်။ တဗျစ်တောက်တောက်ဆူပူနေသမျှ ကိကိနားထဲကန့်လန့်ဝင်ကာ စာကိုအာရုံစိုက်ကျက်လို့မရတော့ပေ။ နာမည်ကသာ ဒေါ်အေးချမ်း၊ ဘယ်တော့မှမအေးချမ်းနိုင်သည့်မျက်နှာကို စောင်းငမ်းငမ်းကြည့်ရင်း..
"လေကြီးမှလူရှိန်တာကြီးမေရဲ့..လက်တွေ့မလုပ်နိုင်သေးသရွေ့လေတွေ့ပဲအသုံးဝင်တာ..ကြီးမေလည်းလေတွေ့နဲ့ပဲသြဇာညောင်းနေတာမဟုတ်လား..."
"ဘာအေ့.."
ဒေါ်အေးချမ်းမျက်နှာကြီး ကိကိဘက်လှည့်လာကာ မာန်ကြီးသောမျက်လုံးများက စူးရဲလျက်..
"ငါကသြဇာညောင်းတယ်..တစ်အိမ်လုံးမှာ နင့်အဘွားပြီးရင် ငါအကြီးဆုံး..ငါ့ကိုဒီလိုပြန်ခံပြောရအောင် ဒီအိမ်မှာ နင်ကဘာလဲ..ဆွေမျိုးသားချင်းတွေ တစ်ယောက်မှငါ့ကိုခွန်းတုံ့မပြန်ရဲဘူး..ငါက ဟိတ်ဆိုဟိတ် တိတ်ဆိုတိတ်ပဲ...နင်တစ်ယောက်ပဲ မထီလေးစားနဲ့ရိုင်းစိုင်းနေတာ..."
ဒေါ်အေးချမ်းက ပြောနေရုံနှင့်အားမရဘဲ ပန်းအိုးကိုချ၍ အနားကပ်လာတော့ ကိကိစာအုပ်ကိုပြန်ချထားလိုက်ပြီး...
"ကြီးမေပဲသမီးကို အမျိုးမျိုးနှိမ်ချကဲ့ရဲ့နေတာလေ...သမီးပြန်ပြောတာကျ ရိုင်းတယ်ဆိုပြီး ကြီးမေမျက်လုံးထဲဲ ဒီဟာမအသုံးမကျဘူးလို့မြင်နေတာကျတရားသလား..."
"ငါကတော့ မြင်တဲ့အတိုင်းပြောတာပဲကိကိ..ရွှေစင်တို့ကိုပဲကြည့်..နင်နဲ့တခြားစီပဲ..လိမ္မာရေးခြားရှိပြီးယဥ်ကျေးသိမ်မွေ့တယ်..အိမ်ကိုလည်းသိတတ်တယ်..အခုဆိုအလုပ်နဲ့အကိုင်နဲ့ လခငါးသိန်းအထက်ရနေပြီ..."
"အဲ့ဒီလခငါးသိန်းကြီးမေစားရလို့လား...".
တင်းခံနေသည့်စိတ်ကို ဆက်မထိန်းနိုင်တော့ပါ။ ဤသို့ သူများနှင့်ယှဥ်၍ ကိုယ့်ကိုကဲ့ရဲ့နှိမ်ချတာမျိုးကိုမုန်းသည်။ ငယ်ငယ်ကတည်းက ခွဲခြားနှိမ်ချခံခဲ့ရသည့်ငုံ့စိတ်မှာ ဆက်လက်သည်းခံနိုင်စွမ်းကုန်နေပြီ။ဒေါ်အေးချမ်းက ကိကိအမေးကြောင့် မျက်နှာတစ်ချက်ပျက်သွားပြီးမှပြန်တင်း၍..
YOU ARE READING
The Legend Of The Phoenix:The Limit
Azioneခွဲခွာခဲ့ရချိန်မှာ လောင်ကျွမ်းပြာကျတတ်တဲ့ ဖီးနစ်ငှက်ရဲ့စေတမန်လား... မင်းကိုမြင်လိုက်တိုင်းမှာ ငါ့နှလုံးသားဟာ အတောင်ပံသစ်တစ်စုံနဲ့နိုးထလာတဲ့ ဖီးနစ်ငှက်ရဲ့အသွင်သဏ္ဍာန်လို ပူလောင်ပြင်းပြတဲ့ အချစ်ရဲ့ဆန္ဒတွေ ရင်မှာမျိုသိပ် ကျိတ်မှိတ်ခံစားလို့.. ပင့်သက်က...