'ဖီးနစ်ငှက်ရဲ့ရာဇဝင်'
အခန်း(၂၃)
"ဝိုး...ငါ့ညီမတွေက သိပ်လှနေပါလား.."
လုလင် ကားနားမှရပ်စောင့်နေရင်း မျက်ခုံးတွေမြင့်တက်သွားသည်။
ဒူးဖုံးဂါဝန်နီညိုရောင်ဆင်တူဝတ်ထားကြသည့် ကိကိနှင့်ဘေဘီက ကျော့ကျော့မော့မော့ထွက်လာကြ၏။ ကိကိက နှုတ်ခမ်းနီကို လက်ထဲကတစ်ရှူးစနှင့်ဖျက်ဖို့ဟန်တပြင်ပြင်ဖြစ်နေသဖြင့် ဘေဘီကသူမလက်ကိုအတင်းဆွဲထားကာ..
"မမကလည်း..အလှတွေပျက်ကုန်တော့မှာပဲ၊ မဖျက်နဲ့လေ.."
"ဟာ ငါမိတ်ကပ်တွေ နှုတ်ခမ်းနီတွေနဲ့မနေတတ်ပါဘူး စိတ်အိုက်တယ်.."
ကိကိက ငယ်ငယ်ကတည်းက မိတ်ကပ်နှုတ်ခမ်းနီမကြိုက်။အနံ့ရှူမိလျှင်တောင် ညှီစော်နံသည်ဟုရှုံ့မဲ့ပြောနေကျ။ ဘေဘီကလည်း ကိကိမကြိုက်မှန်းသိလေ မရမကပြင်ပေးလေ...။
"မောင်မောင်.. မမကိုညီမလေးပြင်ပေးထားတာ ကြည့်ကောင်းရဲ့လား.."
"အေး..အဆင်ပြေသားပဲ..."
"သူ့ကိုမနည်းချော့မော့ပြီးပြင်ပေးရတာ ဖတ်ဖတ်ကိုမောလို့..အခုလည်းကြည့်ဦး၊ပြင်ပေးရတဲ့သူကို အားမနာဘူး..မိတ်ကပ်တွေဖျက်ဖို့လုပ်နေတယ်.."
ဘေဘီ့စကားကြောင့် ကိကိငြိမ်သွားသည်။ ဒီနေ့ အထက်အရာရှိကြီးတစ်ဦး၏မင်္ဂလာနှစ်ပတ်လည်အခမ်းအနားရှိနေသည်။ ဘိန်းဖြူငါးတန်ကားကိုလက်ရသိမ်းနိုင်ခဲ့သည့် လုလင်သတင်းက အထက်အရာရှိ အသိုင်းအဝိုင်းထိ နာမည်ကြီးသွားကာ ပါတီပွဲတက်ဖို့ တကူးတကဖိတ်ကြားခြင်းခံခဲ့ရသဖြင့် သူ့ညီမနှစ်ယောက်ကိုပါအတူခေါ်ရသည်။ ကိကိက ဒီလိုပါတီတွေတက်ရမှာ သေမလောက်ကြောက်သည်။ အကြောင်းရင်းက မိတ်ကပ်တွေလိမ်းရမှာစိုးလို့တဲ့။ ဘေဘီကတော့ လုလင်ပြောကတည်းက ပွဲတက်ဖို့ကိုတက်ကြွနေခဲ့သည်။ ဘေဘီခေါ်တော့ ကိကိလည်းပါလာရသည်သာ။
လုလင်က ကုတ်အင်္ကျီနီညိုရောင်ကို စတိုင်ပန်အနက်နှင့်တွဲဝတ်ထားကာ ဖြူနုချောမောနေသဖြင့် ကိကိ ကိုယ့်ကိုယ်ကိုယ်ပြန်ငုံ့ကြည့်၏။ သူမတို့ဝတ်ထားတာက ကလေးဆန်သွားပြီလား။
YOU ARE READING
The Legend Of The Phoenix:The Limit
Aksiခွဲခွာခဲ့ရချိန်မှာ လောင်ကျွမ်းပြာကျတတ်တဲ့ ဖီးနစ်ငှက်ရဲ့စေတမန်လား... မင်းကိုမြင်လိုက်တိုင်းမှာ ငါ့နှလုံးသားဟာ အတောင်ပံသစ်တစ်စုံနဲ့နိုးထလာတဲ့ ဖီးနစ်ငှက်ရဲ့အသွင်သဏ္ဍာန်လို ပူလောင်ပြင်းပြတဲ့ အချစ်ရဲ့ဆန္ဒတွေ ရင်မှာမျိုသိပ် ကျိတ်မှိတ်ခံစားလို့.. ပင့်သက်က...