'ဖီးနစ်ငှက်ရဲ့ရာဇဝင်'
အခန်း(၃၆)
"တီ..တီ..."
စားပွဲပေါ်မှဖုန်းမြည်သံကြောင့် လုလင် တိုက်ပုံအင်္ကျီကိုလက်လျှိုဝတ်ရင်း ဖုန်းကိုယူကြည့်၏။ သူ အင်တာနက်ဖွင့်ထားသဖြင့် messengerမှvideo callခေါ်နေသူက တီချမ်းဖြစ်နေသည်။
"ဟဲလို..တီချမ်း.."
တီချမ်းက မီးဖိုခန်းထဲမှဖုန်းခေါ်နေပုံရကာ ကြော်လှော်ချက်ပြုတ်နေသည်ကိုမြင်လိုက်ရသည်။
"သားရေ..မင်းညီမတွေဖုန်းကလည်း ခေါ်လို့ကိုမရဘူးကွယ်..ဧရိယာပြင်ပရောက်နေရတာနဲ့မအားရတာနဲ့ facebookမှာလည်းactiveမဖြစ်ဘူး.."
"ဟုတ်တယ်တီချမ်းရေ..တစ်လောကလုံးမှာ အဲ့နှစ်ယောက်အလုပ်ရှုပ်ဆုံးပဲ..ဇူကာဘတ်တောင် သူတို့လောက်အလုပ်ရှုပ်မှာမဟုတ်ဘူး၊ အခုလည်း ဘုရားအနေကဇာတင်ပွဲသွားဖို့ဆိုပြီး မနက်ကတည်းကအလှပြင်နေတာ အခုထိမပြီးနိုင်သေးဘူး.."
လုလင် တီချမ်းနှင့်စကားပြောနေရင်း ကိကိတို့အခန်းရှေ့သွားကာ တံခါးခေါက်သည်။
"ဟိတ်..အထဲကဟာတွေ မပြီးကြသေးဘူးလား၊ ဒီမှာတီချမ်းvideo callခေါ်နေတယ်၊"
"လာပြီမောင်မောင်..လာပြီ..."
တံခါးပွင့်သွားကာ ဘေဘီ့ခေါင်းလေးပြူထွက်လာ၏။ လုလင်က ဘေဘီ့လက်ထဲဖုန်းထည့်ပေးရင်း..
"မြန်မြန်လုပ်ကြနော် ၊ နောက်ကျနေမယ်.."
"ဟုတ်ကဲ့ပါမောင်မောင်ရဲ့..."
ဘေဘီက ဖုန်းဆွဲယူပြီး တံခါးပြန်ပိတ်ကာ screenမှာပေါ်နေသည့်တီချမ်းကို နှုတ်ဆက်၏။
"တီချမ်းရေ..နေကောင်းတယ်နော်.. "
"ကောင်းတယ်သမီးရေ..သမီးတို့ကော အဆင်ပြေကြတယ်မို့လား.."
"ပြေပါတယ်..အခုတောင်ဘုရားသွားမလို့ပြင်ဆင်နေတာ.."
"ခုနကပဲ သားကပြောနေသေး.."
ကိကိက မေမေ့ဆီမှvideo callဆိုသည်နှင့်ခေါင်းဖြီးနေရာမှပြေးလာကာ..
"မေမေ့.."
မေမေ့ကိုလက်ဝှေ့ယမ်းပြ၍ ဖလိုင်းကစ်တွေလုပ်လိုက်သေးသည်။
YOU ARE READING
The Legend Of The Phoenix:The Limit
Acciónခွဲခွာခဲ့ရချိန်မှာ လောင်ကျွမ်းပြာကျတတ်တဲ့ ဖီးနစ်ငှက်ရဲ့စေတမန်လား... မင်းကိုမြင်လိုက်တိုင်းမှာ ငါ့နှလုံးသားဟာ အတောင်ပံသစ်တစ်စုံနဲ့နိုးထလာတဲ့ ဖီးနစ်ငှက်ရဲ့အသွင်သဏ္ဍာန်လို ပူလောင်ပြင်းပြတဲ့ အချစ်ရဲ့ဆန္ဒတွေ ရင်မှာမျိုသိပ် ကျိတ်မှိတ်ခံစားလို့.. ပင့်သက်က...