အခန်း(၅)

7.1K 212 3
                                    


၂၀၁၈ခုနှစ်...။

ဝဋ်
##

သူတစ်ပါးကို
မဟုတ်သောစကား
မပြောကြားခဲ့ပါဘုရား...။

သူတစ်ပါးကို
ကောက်ကျစ်လှည့်စား
ဉာဏ်မများခဲ့ပါဘုရား...။

သူတစ်ပါးကို
လုပ်ကြံလီဆယ်
ပရိယာယ်မဆင်ခဲ့ပါဘုရား...။

ဤသို့ဤနှယ်
စကားလွန်ကြူး
မရှိခဲ့ဖူးပါဘဲ
ကိုယ့်တရားနှင့်ကိုယ်
နေခဲ့ပါလျက်

ကောက်ကျစ်ဉာဏ်များ
ပရိယာယ်ပွားသူကြီးဟု
ယိုးစွပ်ကျိန်ဆဲ
အထင်လွဲကာ
အမြဲ လူမုန်းခံရပါသည်ဘုရား...။

ငရဲမှာအပ
ဝဋ်မှာအမြဲ
ဆိုရိုးထုံးစံ
ရှိခဲ့သည့်အတိုင်း
ဝဋ်ကြွေးရှိသမျှ
ဒီဘဝ ဒီအမျှနှင့်သာ
ကျေပါစေတော့ ဘုရား...။

ကဗျာအဆုံးသတ်မှာ အစက်သုံးစက်နှင့်ပုဒ်မချ၍ ဆိုင်းန်ထိုးလိုက်၏။ ဆိုင်းန်ထိုးပြီးသည်အထိ ရင်ထဲမှာရှုပ်ထွေးတင်းကျပ်နေဆဲ။ ခံပြင်းစိတ်တွေနှင့်အတူပတ်ဝန်းကျင်ကလူတွေကိုလည်း မုန်းမိသည်။ လူဖြစ်လာရသည့်ဘဝဟာ သူများတကာကဲ့ရဲ့ဖို့အကြောင်းဖန်ခဲ့သည်လား။ သူမရဲ့ခံစားချက်တွေကိုဘယ်သူမှနားလည်မပေးနိုင်တော့ဘူးလား။
ဘယ်သူတွေ ကိုယ့်ဘက်မှာရှိကြလို့လဲ။
ကိုယ်ရေးထားသည့်ကဗျာကို ကိုယ့်ဘာသာ အခေါက်ခေါက်အခါခါပြန်ဖတ်ကြည့်ရင်း ပေါက်ကွဲချင်နေသည့်စိတ်ကြောင့် စာရွက်ကိုလုံးချေ၍လွှင့်ပစ်လိုက်မိသည်။ ပခုံးမကျတကျပဲရှည်သည့်ဆံနွယ်တွေထဲလက်ထိုးထည့်ရင်း ခါးကုန်းခေါင်းငုံ့လိုက်မိစဥ်..

"မမကိ..."

အသံစာစာလေးနှင့်အတူ ကိကိပစ်ပေါက်လိုက်သည့်စာရွက်ကိုကောက်၍ အခန်းထဲဝင်လာသူကြောင့် ကိကိနောက်လှည့်ကြည့်၏။

"ဘေဘီ...."

"မမကိဘာတွေစိတ်ညစ်နေတာလဲ ..ဒီနေ့အတန်းမတက်ဘူးဆို..ဘေဘီတောင်မနက်ကမှပြန်ရောက်တာ...."

ဘေဘီက သူမမွေ့ရာပေါ် တင်ပါးလွှဲထိုင်ရင်း စာရွက်ကိုဖြန့်၍ဖတ်ကာ..

"​ကဗျာရေးထားတာအရမ်းမိုက်တာပဲကွာ..တို့မမကတော့တကယ့်ပရိုပဲ..ဒီလောက်ကောင်းတဲ့ကဗျာကိုဘာဖြစ်လို့လွှင့်ပစ်လိုက်ရတာလဲ..."

The Legend Of The Phoenix:The LimitWhere stories live. Discover now