Episode -1

4.2K 47 0
                                    


"ရေပြင်ကျယ်လို...မင်းရဲ့ အသည်းပေါ် ကိုယ် အရုပ်ဆွဲခဲ့တာ ...တိမ်လို ‌လေလို မင်းအချစ်များကို ဖမ်းစုပ်မိတဲ့ ကိုယ်ဟာ.....
ချစ်တဲ့ သူကို ကြိတ်ချစ်ရုံ အပြင် ..ဒီထပ် မပိုဘူးလား ...အိမ်မက်တွေချည်း မက်မနေချင်ဘူး...လက် တွေ့ဘ၀ထဲမှာ..."

ပန်းသွေးခြယ်တစ်ယောက် ရေချိုးခန်းထဲမှာ အပီ အပြင်ဟဲနေတာဖြစ်သည်။သူမ ‌ဆပ်ပြာအား ‌ကိုယ်တိုက်brushပေါ် ညှစ်လိုက်ပြီး ရေနည်းနည်းစွတ်ကာ အမြှပ်များထွက်လာအောင်  လုပ်လိုက်ရင်း....
လည်ပင်းမှ စ၍ သူမ ခြေဖျားထိ ဖိပွတ်လိုက်သည်။

"‌ပုံပြင်လေးတစ်ပုဒ်.... ဒဏ္ဍာရီ  တစ်ခုလို....ရင်ခုန်ခြင်းများ ....ရှင်သန်ခြင်းအစ ....သူကလဲပြို ...ကိုယ် ကလည်းငို....အခု...."

ပါးစပ်ဖျားမှ ရောက်တတ်ရာရာများဆိုရင်း သွားတိုက်ရန် ပြင်လိုက်သည်။
သူမ သွားတိုက်ပြီးသည်နှင့်....မျက်နှာအား မျက်နှာသစ်နှင့်ဆေးကြောကာ...

"ငယ်ငယ်ရွယ်ရွယ်နဲ့ သိပ်ကို လှ....ပုံစံကလေးက ကလေးသာသာ ထင်ခဲ့ရ...."
ဆိုရင်း သူမ ကိုယ်မှ ဆပ်ပြာများကို ဆေးကြောရန် ရေမြန်မြန်လောင်းကာ ရေချိုးခြင်းကို အဆုံးသတ်လိုက်သည်။

မတော်လို့လည်း မရ....သူမဒီနေ့ရေချိုးခန်း၀င်တာ တစ်နာရီမျှ ရှိနေလေပြီ...ရေချိုးရန်အီလေဆွဲပြီး သီချင်းရောက်တတ်ရာရာများဆိုကာ သူမမျက်နှာမှ  ငုပ်လျှိုးနေသော အဖုများကို စိတ်ပြေနပြေ လိုက်ကြည့်ရင်းဆွနေတာ ဖြစ်သည်။

.......

"ဟက်ချိုး"

ပန်းသွေးခြယ် ဒီနေ့ရေချိုးတာ ကြာသွား၍ ခန္ဓာကိုယ်မှ အစွမ်းပြလာချေသည်။

"အသွေး သမီး ....ဒီနေ့ ရေချိုးတာ ကြာပြန်ပြီလား"

ပန်းသွေးခြယ် ရဲ့မေမေ ဒေါ်ကေသီ က သူမအားတစ်ချက်ကြည့်ရင်း ရေနွေးပူပူထဲသို့ ဂျင်းတစ်ခု ထည့်ကာ  တိုက်ရန်ပြင်နေလေသည်။

"မေကေ အသွေး ဂျင်းပြုတ် မသောက်ချင်ဘူး ....စားပြီးရင် vitamin cလေးသောက်လိုက်မယ်နော်"

"မိ‌အသွေးမ ညည်းက ဆေးဝါးကျောင်း တက်ခဲ့တာဆိုပြီး အမေကို ဆရာလုပ်ချင်တာလား"

**Wrong-Person** Where stories live. Discover now